အသက်မပါပေမယ့် အစွမ်းကုန်သွားဖြဲပီး
ပြုံးထားတယ်..~..
သေသပ်လှတဲ့အပြုံးတွေတော့မဟုတ်ခဲ့ဘူး..

"အင်းပါ...ကျန်းမာရေးတော့ဂရုစိုက်ပေါ့..
ပြီးတော့အဆက်အသွယ်မလုပ်ဘူးဆိုတာ
မင်းစိတ်ပြောင်းသွားခဲ့ရင်တော့ငါ့ကိုဆက်
သွယ်နော်.."

U.S ရောက်နေတဲ့တစ်လျှောက်လုံး
ကိုရီးယားကလူတွေနဲ့ အဆက်အသွယ်ကို
အကုန်ဖြတ်ထားမှာ...

ဘာလို့လဲလို့တော့မမေးကြပါနဲ့...
ကိုယ့်စိတ်ကိုတောင်မသိဘူး....

ဖုန်းနံပါတ်ကိုအသစ်ပြောင်းပြီး KyungSoo
ကိုတောင်မပြောထားဘူး...

မျက်လုံးတို့ကိုလျှောက်ကစားမိတယ်..

တစ်ချို့ဆို League အိတ်ကိုဆွဲကာ
လေဆိပ်အဝကနေထွက်လာကြတယ်..
ဒါကပြန်လာတဲ့သူတွေ....

အမိမြေကိုပြန်လာရမယ်..
ကိုယ်ချစ်တဲ့သူတွေ မိသားစုတွေ နဲ့ပြန်လည် ဆုံတွေ့ရတော့မယ်ဆိုတော့...
ပျော်စရာကြီးနေမှာ...

လေဆိပ် Pass ကို ဖြတ်တောင်မဖြတ်ရသေး
သောကျတော်သည် ပြန်လာနေသောသူတို့ကို
အားကျနေသောမျက်လုံးများဖြင့်ကြည့်နေမိ
၏..

သွားတောင်မသွားရသေးပဲ ပြန်လာချင်နေတာ
ကျတော်အရူး...

ငိုချင်တယ်..ဒါပေမယ့်မငိုချင်အောင်ထိန်း
နေတယ်...

"ငါ..သွားတော့မယ်ကွာ...ပြန်လာရင်မင်းကို
အိမ်ထောင်သည်အနေနဲ့တွေ့ရတော့မယ်ထင်
တယ်.."

"Yah..ငနာ.."
KyungSoo က ရှက်လို့ပါးမို့မို့လေးကနီမြန်း
နေ၏...

အချစ်နဲ့တွေ့ရင် လူတွေဟာရှက်သွေးဖျာလာ
ကြတယ်...

အိမ်ထောင်သည်အနေနဲ့...
KyungSoo တစ်ယောက်တည်းကိုမဟုတ်
ဘူး...သူ့ကိုရောပဲ..:)

"ငါတကယ်သွားပြီ..."

သွားပြီလို့ လှည့်မည်ကြံမှ...
KyungSoo က Baekhyun ကိုနှုတ်ဆက်
ကာလှမ်းဖက်၏..

"မင်းကိုငါတကယ်ခင်ခဲ့ပါတယ်...နောက်
လည်းခင်မှာပါ..မင်းဖက်ကလည်းစပြီး
သံ​ယောဇဉ်​တော့မဖြတ်နဲ့နော်..ပြန်လာရင်
ငါတို့တစ်ခုခုလုပ်ကြမယ်.."

Love Policy(Completed) Where stories live. Discover now