Chapter - 1

4.4K 166 15
                                    

Who say that I love you ?

Chapter - 1

" မင်းသန့် . . . ဒါ ဘယ်လဲ "

" ကျွန်တော့် ရည်းစားဆီလေ "

" မင်း ဒီရည်းစားက အသစ်လား ၊
အဟောင်းလား "

" အသစ် . . . "

မင်းသန့် . . . ဂရုမစိုက်တဲ့ မျက်နှာထားနဲ့ ပြန်ဖြေလိုက်သည်။

" မင်းသန့် . . . မင်းကို ငါ အများကြီး မျှော်လင့်ခဲ့တာ ၊ အခု မင်းက စီးပွားရေး စိတ်မဝင်စားဘဲ ရည်းစားတွေ ထည်လဲတွဲနေတယ် ၊ အသက်ကြီးနေပြီ
ဖြစ်တဲ့ မင်းရဲ့ အဖေ . . . ငါ့ကို . . .
မင်း မသနားဘူးလား "

" ဟွန့် . . . အဖေ့အနားမှာ ရှင်းသန့်ဆိုတဲ့ ကောင် တစ်ယောက်လုံးရှိနေတာပဲ ၊ ကျွန်တော် လုပ်လုပ် မလုပ်လုပ် ဘာပူစရာလိုသေးလို့လဲ "

" ရှင်းသန့်က မင်းလို ကွန်ပျူတာ အရမ်း မကျွမ်းတော့ အလုပ်တစ်ဖက် ၊ ကျောင်းတစ်ဖက်နဲ့ သူတစ်ယောက်တည်း
အရမ်းပင်ပန်းတယ်ကွ "

" သူ ပင်ပန်းနေတာ မကြည့်ရက်လို့
ဝင်ကူခိုင်းနေတာမလား ၊ အဲ့ဒါပဲ ၊
အဖေ့ခေါင်းထဲမှာ တစ်ချိန်လုံး ဒီ ရှင်းသန့်နဲ့
ဒေါ်မေရှင်း ပဲ စိတ်ပူနေတာ "

" သား . . . မဟုတ်သေးဘူးလေကွာ "

" ဘာ မဟုတ်ရမှာလဲ ၊ ဒီအိမ်မှာ အဖေ့ရဲ့ သွေးသားဆိုလို့ ကျွန်တော် တစ်ယောက်တည်း ရှိတာပါ "

" အဲ့ဒါကြောင့်လည်း မင်းကို ဒီချိန်ထိ
ငါ မတင်းကျပ်ခဲ့တာပေါ့ကွ ၊ မိတဆိုးလေးဆိုပြီး လွှတ်ထားခဲ့မိတာ ငါ အရမ်းနောင်တရမိတယ် "

ထမင်းစားခန်းထဲကနေ ထွက်လာတဲ့ ဒေါ်မေရှင်းကို မြင်လိုက်ရ၍
မင်းသန့် ခပ်ယိယိပြုံးလိုက်မိသည်။

" ဟွန့် . . . အဖေ တကယ်တမ်း နောင်တရ ရမှာ အဲ့ဒါမဟုတ်ဘူး ၊ အဖေ တကယ် နောက်တရ ရမှာက ဒေါ်မေရှင်းကို ယူခဲ့တာကိုပဲ နောင်တရသင့်တာ "

" မင်းသန့် . . . ! "

" ကျွန်တော့မှာ အချိန်မရှိလို့ . . .
သွားလိုက်ပါဦးမယ် "

မင်းသန့် ပြောပြီးတာနဲ့ အိမ်ထဲကနေ ထွက်လာ
လိုက်သည်။

မင်းသန့် ထွက်သွားတာကို ကြည့်ရင်း
ရင်လေးစွာ သက်ပြင်းချနေတုန်း
ဒေါ်မေရှင်းကို မြင်လိုက်ရ၍ ဦးနေသန့်
အားနာသွားရသည်။

Who Say That I Love You ?Where stories live. Discover now