နွယ်​(တတိယပိုင်း)(၃၀)

Начните с самого начала
                                    

အခန်းရဲ့ အပေါ်ထပ် ပြတင်း ပေါက်ကနေပြီးသူမရဲ့ ပြုမူလှုပ်ရှားပုံတွေကိုမနက်ခင်းတိုင်းခုလိုငေးကြည့်
ရတာ ကျွန်တော်အရမ်းနှစ်သက်တယ်။
မနက်တိုင်းကတ်ကြေးတစ်ချောင်းနဲ့နှင်းဆီပင်တွေ
ကြားထဲအလုပ်ရှုပ်နေတက်တာဟာ သူမရဲ့မရိုးနိုင်
သောအကျင့်တစ်ခု။မနက်တိုင်းဒီလိုပုံစံလေးကိုပြ
တင်းပေါက်ကနေမပျက်မကွက်စောင့်ကြည့်ခဲ့ရတာ
ကကျွန်တော့်ရဲ့မပြောင်းလဲသောအကျင့်တစ်ခု။
သူမဟာနှင်းဆီပင်တွေကိုသိပ်ဂရုစိုက်တာ။
သိပ်မြတ်နိုးတာ။

"လှလိုက်တာxingရယ်"

အဖြူရောင် ဂါဝန်လက်ရှည်လေးဝတ်ထားတဲ့
Xingဟာ..နှင်းဆီပွင့်တွေနဲ့အပြိုင် မနက်ခင်းမှာ
အလှပြိုင်ပွဲဝင်နေတယ်...အပေါ်ကနေငေးကြည့်
နေတဲ့ကျွန်တော်ဟာမနက်တိုင်းဒီပြိုင်ပွဲရဲ့တစ်ဦး
ထဲသောပရိသတ်ပေါ့။

သြော်....ဒီနေ့မှထူးထူးခြားခြားသူမက ငှက်ကလေးတွေကိုအစာကျွေးနေပါလား။
ခြံစည်းရိုးထိပ်ပေါ်မှာ လာနားတဲ့ငှက်လေး
တွေကို သူ့လက်ထဲကပြောင်းဖူးစေ့လေးတွေပစ်
ကျွေးနေတာ။မြင်ကွင်းလေးက မနက်ခင်းမှာ
ပြည့်စုံတဲ့ပန်းချီကားလေးအဖြစ်မြင်လွှာကနေ
ရင်ဘတ်ထဲသို့ ငြိမ့်ညောင်းစွာစီးဝင်လာတယ်။
ကြည့်ပါဦး။ပြုံးနေလိုက်တာပါးချိုင့်လေးတွေက
အတိုင်းသား။သူမ သိပ်ပျော်နေသလိုပဲ။

"ဆူဟိုရှီ..." 

ဟော..​xingကျွန်​​တော့်​ကိုမြင်​သွားပြီ။

"နိုး​နေပြီလား...xingငှက်​​လေး​တွေအစာ​ကျွေး
လိုက်​အုံးမယ်​​နော်​..ဆူဟိုမျက်​နှာသစ်​ပြီးရင်
လှမ်း​ခေါ်လိုက်​..မနက်​စာအတူတူစားမယ်​"

ငှက်​​လေး​တွေကိုအစာဆက်​​ကျွေးဖို့စိတ်​အားထက်
သန်​​နေတဲ့xing ကကျွန်​​တော့်​ကိုပင်​စကားခပ်​​ဖြောင့်
ဖြောင့်​မ​ပြောနိုင်​။ငှက်​​တွေကိုအစာလှည့်​​ကျွေးလိုက်
ကျွန်​​တော့ဘက်​ကို စကားလှည့်​​ပြောလိုက်​နဲ့တစ်
ယောက်​ထဲအလုပ်​ရှုပ်​​နေ​တာ​ကြောင့်​ကျွန်​​တော်
ကပဲအလိုက်​သိစွာ သူ့ကိုခပ်​ပြုံးပြုံး​ ပြန်​ကြည့်
ရင်း​ခေါင်းညိမ့်​ပြလိုက်​သည်​။ထိုအပြုံးသည်
ဟန်​​ဆောင်​မုသား​တစ်​ချို့ကို​ရောယှက်​ကာဟန်
လုပ်​မိသည့်​အပြုံး​။စင်​စစ်​ မုသားအပြုံး။ဝေဒနာကြား
က ပီပြင်​တဲ့အပြုံးတစ်​ခုရဖို့ကို​တော်​​တော်​အားစိုက်
ထားရတယ်​။Xingက​တော့ကျွန်​​တော့်​အပြုံးကိုမြင်​သွားလို့နဲ့တူတယ်​။စိတ်​ချလက်​ချနဲ့ငှက်​​လေး​တွေကို​အစာဆက်​​ကျွေး​နေတယ်​။

နွယ်​..sulay FicМесто, где живут истории. Откройте их для себя