အနမ်းနွေးနွေးတို့ကိုအမြန်ပင်အဆုံးသတ်
လိုက်၏..

နောက်ကျောပေးလိုက်ပြီး..

စိတ်ထဲကနေ
"Good Bye " လို့တိတ်တဆိတ်ရေရွတ်
လိုက်မိ၏..

"Chanyeol...Yeol...မသွားပါနဲ့.."

ဘာလို့နိုးလာရတာလဲကွာ..မင်းအသံ မင်းမျက်နှာ မင်းရဲ့မျက်ဝန်း မင်းရဲ့မျက်ရည်
တွေကိုငါမြင်ခဲ့ရင် တင်းနေတဲ့စိတ်တွေ
ပြေလျော့သွားလိမ့်မယ်...

ဒါကြောင့်နောက်ကျောပဲပေးထားပါရစေ..

"မင်းကိုချစ်တယ်.."

တုံရီနေတဲ့အသံနဲ့ပြောတဲ့သူအသံလေးက
နားထောင်လို့ကောင်းပါတယ်...နှလုံးသား
အတွက်...

ဒါပေမယ့် နားထဲမှာတော့အဝင်စိုးလွန်းတယ်
Baekhyun...

အချိန်မှားပြီးပြောရင် ချစ်တယ်ဆိုတဲ့စကား
ကအပိုတွေဖြစ်သွားတာ..မင်းသိလား..

ပြောနေတာကိုမကြားချင်ယောင်ဆောင်ပြီး
တံခါးကိုဖွင့်ဖို့လက်ကိုလှမ်းလိုက်၏..

Chanyeol ရဲ့လှုပ်ရှားမှုနဲ့အတူ ခုတင်
ပေါ်ကနေ ဝုန်းဒိုင်းကျဲပြီးပြေးဆင်း
လာတာ က Baekhyun...

Chanyeol ရဲ့မိုးကောင်းကင်နဲ့တူသော
ကျောပြင်ကြီးကို နစ်နေအောင်ပင်ပွေ့
ဖက်လိုက်မိ၏..
Baekhyunလက်နှစ်ဖက်ကိုပါသိုင်းပြီးတစ်ဖက်နဲ့တစ်ဖက်ကိုဆုတ်ကိုင်ထား၏..

တားနေတာပါ..ထွက်သွားလို့မရအောင်..
ချုပ်နှောင်လိုက်တာပါ..ငါ့အားလေးရှိသလောက်နဲ့....မခိုင်မြဲဘူးဆိုတာသိပါတယ်...
မင်းတွန်းလိုက်တာနဲ့ ငါချည်ထားတဲ့
ကြိုးလေးဖြစ်တဲ့ငါ့လက်နှစ်ဖက်ကပြုတ်
ထွက်သွားမှာ...

"ငါမင်းကိုတွေ့ချင်နေခဲ့တာ...ဖျားရတာမပင်
ပန်ဘူး..မင်းကိုလွမ်းနေရတာအရမ်းပင်ပန်း
တယ်.."

ရှိုက်သံသဲ့သဲ့နဲ့ပြောတဲ့ သူ့အသံကြောင့်
သူ့ကိုနောက်ကျောပေးထားရာကနေ
မျက်နှာချင်းဆိုင်ကိုလှည့်လိုက်ပြီး
နောက်ကျောကိုပဲဖက်တွယ်နေရတဲ့သူ့ကို
ရင်ခွင်ထဲမှာခိုလှုံဖက်တွယ်ခွင့်ပေးချင်ပေ
မယ့်....

Love Policy(Completed) Where stories live. Discover now