~တုနှိုင်းမဲ့~

Start from the beginning
                                    

' မက်မောတယ်... မက်မောတယ်ဟုတ်လား..
ဟာနူး... "

အားမရှိတော့သလို လေသံဖျော့ဖျော့လေးနဲ့
ပြောလာတဲ့ သူငယ်ချင်းလေး... ဟာနူးရင်ထဲ
ကမ္ဘာတွေပျက်နေပါပြီ...

'နင်က ..ငါသိတဲ့... ငါ့သူငယ်ချင်းလေး..
ဟာနူးမှ...ဟုတ်ရဲ့လား..ဟင်... ဟာနူးမှဟုတ်
ရဲ့လား .. '

ယုရုံးမရ အံ့ဩဟန်နဲ့ပြောလာတဲ့ သူငယ်ချင်
လေးကို ကြည့်ပြီး... လက်သီးကိုတင်းတင်းစုပ်လိုက်မိတယ်...
မရှည်တရှည်လက်သည်းစလေးတွေက လက်
ဖဝါးထဲ နစ်ဝင်သွားတဲ့ အခါ နာကျင်မှုကို
ခံယူရင်း.. ပြုံးလိုက်မိပြန်တယ်..

'ဘယ်လိုပါလိမ့် နင်သိတယ်ဆိုတဲ့ ဟာနူးက
ထင်ယောင်ထင်မှား ယုံကြည်မှုတွေနဲ့ ကိုယ့်
အခွင့်အရေးကို အဆုံးရှုံးခံမယ့်သူမျိုးလား'

အဲ့ဒီ့လက်သည်းစတွေက လက်ဖဝါးထဲစူးတာမှ
ဟုတ်ရဲ့လားလို့.. ထင်ယောင်ထင်မှားဖြစ်ရတဲ့အထိ လက်ဖဝါးထက်
နှလုံးသားတစ်ခုလုံး စူးနစ်နာကျင်နေမိတယ်...

'ဖြန်း'

ပါးပြင်ပေါ်က လက်ဖဝါးရာ ရဲရဲအတွက်
ထူးဆန်းအံ့သြမနေပါလေ အဲ့ဒီ့ထက်ဆိုးတာ
တွေ အတွက်တောင် ပြင်ဆင်ထားခဲ့တာကို

'ထင်ယောင် ထင်မှား~~ ထင်ယောင်ထင်မှားဟုတ်လား... နင်
ထင်ယောင်ထင်မှားလို့ ခေါင်းစဉ်တပ်လိုက်တဲ့
အဲ့ဒီ့အရာက ဘယ်လောက်တန်ဖိုးမြင့်လဲဆိုတာ
နင်အသိဆုံးဖြစ်မှာပါ.. ဟာနူး.. "

ပခုံးစွန်းကို ခပ်ပြင်းပြင်းဝင်တိုက်ပြီး ထွက်သွားတဲ့
တော့... သိပ်မခိုင်ချင်တော့တဲ့ ခြေထောက်
တွေက အပြိုပြိုအလဲလဲ...

နင်နာကျင်တယ်ဆိုတာ.. ငါ့ကိုဘယ်မှီမလဲ ရှင်းရယ် ... မြှားဦးကို ကိုယ့်ဘက်ကိုယ်ချိန်ပြီး
ကိုယ့်လက်နဲ့ကိုယ် ထိုးစိုက်နာကျင်ရတဲ့
ဘဝကို ... ကျေကျေနပ်နပ် လက်ခံရယူနေရတာ

'နင်..နင်ကတော့ ယုံကြည်ပေးမယ်လို့ ..
နည်းနည်းတော့... မျှော်လင့်ခဲ့မိတာ ရှင်းရယ် "

UNBEATABLE // COMPLETED//Where stories live. Discover now