Sica:S**t ပြဿနာပဲ ငါ့ကို Fany အမှုန့်ကြိတ်တော့မှာပဲ(whisper)

ထို့နောက် Sica တယောက် phoneကို နားနား ပြန်ကပ်လိုက်ပြီး တတ်နိုင်သမျှ အချိုသာဆုံး အသံဖြင့်

Sica:Fany ya...wori chinguလေး...ငါလေ မနေ့ကညဥ့်နက်သွားလို့ဟ...hee အခုထပြီး ချက်ချင်းပြင်ဆင်ပြီး ထွက်လာခဲ့မယ်နော် ခဏလေးစောင့် ခဏလေးပဲ 😁😁😁

Fany:အေး...အနှစ်၂၀ကြာ သူငယ်ချင်းသံယောဇဉ်ကို ထောက်ထားပြီး နောက်ထပ် မိနစ်၂၀ ထပ်စောင့်ပေးလိုက်မယ် အဲ့ဒါတောင် ရောက်မလာလို့ကတော့ ငါ့အဆိုးမဆိုနဲ့ ဒါပဲ!

"တီ တီ တီ"

Fany ဖုန်းချသွားလေပြီ

ထိုအခါမှ Sica တယောက် သက်ပြင်းချနိုင်တော့သည် သူမသူငယ်ချင်းအကြောင်း သူမသာအသိဆုံးဖြစ်သည်

Fany ကစောင့်ရသည့် အလုပ်ကို သူမအမုန်းဆုံးဖြစ်သော အလုပ်များစာရင်းတွင် No.1 ပေးထားသည် ဒါကြောင့်အခုလို အော်ငေါက်ရုံနှင့် ပြီးသွားသည်ကို အတော်ကံကောင်းသည် ဆိုရမည်ဖြစ်သည် နို့မို့ဆို မလွယ်...

Sica:Agioo တော်သေးတာပေါ့ ဒီလောက်နဲ့ ပြီးသွားလို့ ကဲ...ငါလည်း ပြင်ဆင်တော့မှပါ တော်ကြာ ထပ်ကြာနေရင် ငါ Hellfany နဲ့ စာရင်းရှင်းနေရအုန်းမယ်

15 minutes later...

"Sica ya...မနက်စာ စားသွားအုန်းလေ"

Sica ပြင်ဆင်ပြီး အိမ်ကထွက်ဖို့ပြင်တော့ သူမ၏ အမေက မီးဖိုချောင်ကနေ breakfast စားသွားဖို့ လှမ်းသတိပေးခြင်းဖြစ်သည်

Sica နာရီတချက်ကြည့်လိုက်ပြီး...

Sica:သမီး မစားသွားတော့ဘူး omma အခုတောင် နောက်ကျတော့မယ် Fany အကြောင်းလည်း အမေသိတဲ့အတိုင်းပဲ သမီးကျောင်းရောက်မှ စားလိုက်တော့မယ်

Mrs.Jung:သမီး ဒါဆိုလည်း ခဏစောင့်

Sica:Waeyo omma...နောက်ကျနေပါပြီ ဆိုနေ

ခဏနေတော့ Mrs.Jung တယောက် မုန့်ဘူးလေးကိုင်ကာထွက်လာသည်

Mrs.Jung:ရော့...သမီး ဒီလိုဖြစ်မယ်လို့ omma ထင်တော့ထင်မိသား အဲ့ဒါကြောင့် မုန့်ဘူးပြင်ထားတာ ဒါ omma လုပ်ထားတဲ့ tuna sandwich တွေ...Fany လေးကိုပါ ကျွေးလိုက် ဟုတ်ပြီလား

The Devil GameWhere stories live. Discover now