~~~Part 2~~~
~~~The Death Dice?~~~
Section 4(A)
*Bell Ringing*
Teacher:ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ ဆရာမ ဒီနေ့ပေးလိုက်တဲ့ group project ကို နောက်တပတ်အမှီတင်ရမယ်...ပြီးတော့...Miss Jung နဲ့ Miss Hwang...
Sica+Fany:Nae Sam?
Teacher:မင်းတို့က အခုမှ လူသစ်တွေဆိုတော့ ဒီကျောင်းရဲ့ group projectsတွေနဲ့ သိပ်ရင်းနှီးအုံးမှာ မဟုတ်ဘူး ဒီတော့ အခြားအဖွဲ့ တဖွဲ့ဆီက အကူအညီကိုယူပါ...(အတန်း တတန်းလုံးကြားအောင်)...ကလေးတို့ လူသစ်တွေကို အခု project နဲ့ပတ်သတ်ပြီး ဘယ်သူ ကူညီချင်လဲ?
ထိုအခါမှာလည်း အလျင်အမြန် ထောင်လိုက်သည့် လက်တဖက်ပိုင်ရှင်က Yoona...
Yoon:ကျမတို့ ကူညီလိုက်ပါ့မယ် Sam...
Teacher:ဟုတ်ပြီလေ ဒါဆိုလည်း Yoonaတို့ပဲ အပင်ပန်းခံလိုက်ပါအုန်း...(Yoona တို့ အဖွဲ့မှာ Yoonaရယ်Taeyeonရယ်Yuriရယ် ပါပါတယ်)
ဆရာမ ထွက်သွားတော့...Sicaက Yoonaရှေ့ ရပ်လိုက်ကာ
Sica:(Smile)Gomawaeyo...Yoona shi ကျမတို့ကို အခုလို ကူညီတဲ့အတွက်ပါ
Yoon:(Smile)ရပါတယ် အတန်းဖော်တွေပဲ...
Sica:ဒါဆို ကျမတို့ သူငယ်ချင်းဖြစ်သွားပြီလို့ သတ်မှတ်လို့ရလား(လက်တဖက် ဆန့်ထုတ်ကာ)Chingu?
Yoon:(လက်ဆွဲနှုတ်ဆက်လိုက်ကာ)Chingu.. (smile)
ထိုအခါမှ Sica သတိထားမိတာက Yoonaက ညာဘက်လက်မှာစွပ်ထားတဲ့ အဖြူရောင် ကတ္တီပါလက်အိတ်ကလေး...
Yoonsic တို့ လက်ဆွဲနှုတ်ဆက်နေတာကို ကြည့်ပြီး တတန်းလုံးကလည်း ပွစိပွစိနဲ့ပေါ့
ပြီးတော့ Sicaကပင်
Sica:ဒါဆို chaw တို့ကို ခွင့်ပြုပါအုံး...Fany ya...သွားမယ် လာ...
Sicaရော Fanyပါ Yoonaနဲ့Taeyeonတို့ကို နှုတ်ဆက်သွားကြသည် Yuriကိုတော့ Fanyကနှုတ်ဆက်သွားပေမယ့် Sicaက အဖတ်တောင် မလုပ်သွား...
Sicaတို့ထွက်သွားသောအခါ Yuriက
Yul:Yah!Im Yoona!နင်ဘာတွေ လျှောက်လုပ်နေတာလဲ?နင် ငါဟိုJessicaဆိုတဲ့ တယောက်နဲ့ ပြဿနာတက်ထားတာကို သိရဲ့သားနဲ့...သူပါမယ်ဆို ငါဒီgroup projectမှာ လုံးဝမပါဘူးနော်
YOU ARE READING
The Devil Game
FanfictionA Yoonsic Fanfiction သေသူတွေကို ပြန်လည် ရှင်သန်စေနိုင်တဲ့ အစွမ်းရှိသော The Death Dice... The Death Dice ကြောင့် ဖြစ်ပေါ်လာတဲ့ demon တွေကြားက ကစားပွဲတခု...
