~~~Intro~~~
~~~The Beginning of Everything~~~
At ASan Medical Centre(AMC)
VIP Patient Room
အသက် ၅၀ ကျော် အမျိုးသမီးတယောက် လူနာခုတင်ပေါ်တွင် လှဲလောင်းနေလေသည်
သူမ၏လက်များတွင်လည်း ဆေးထိုးအပ်များနှင့် ဆေးသွင်းပိုက်များ အများအပြား......
အမှန်အတိုင်းပြောရပါလျှင် သူမမှာ ကုသ၍မရတော့သော Cancer ရောဂါ နောက်ဆုံးအဆင့်ကို ခံစားနေရသူ တဦးပင် ဖြစ်သည်
ရောဂါဒဏ်ကြောင့် လူမှာလည်း သတိဖျော့ဖျော့သာ ကျန်တော့သည်
မျက်နှာမှာလည်း သွေးမရှိတော့သည့်ပမာ ဖြူဖွေးဖျော့တော့နေလေသည်
ထိုအမျိုးသမီး၏ ဘေးတွင်မူ အသက်ငယ်ငယ် မိန်းကလေး၂ယောက်
ထိုမိန်းကလေး နှစ်ယောက်၏ ဝတ်ဆင်ပုံမှာ အလွန်ချမ်းသာသော အထက်တန်းလွှာများဖြစ်ကြောင်း ဖော်ပြနေပေသည်
ထိုမိန်းကလေးနှစ်ဦးထဲမှ အသက်ပိုငယ်ပုံရသော မိန်းကလေးမှာ ထိုအမျိုးသမီး၏ ပိန်ချုံးနေသော လက်ကလေးကို သူမ၏ နူးညံ့လှပသော လက်ကလေးများဖြင့် တယုတယ ဆုပ်ကိုင်ပေးထားကာ အားပေးစကားများ ပြောကြားနေပြီး ကျန်အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး မိန်းကလေးမှာမူ သူမတို့နှင့် ခပ်လှမ်းလှမ်းတွင် နံရံကို မှီရပ်နေကာ သူမတို့ကို ဝမ်းနည်းရိပ်သန်းနေသော မျက်ဝန်းများဖြင့် ကြည့်ရှုလျက်ရှိသည်
Girl 1:Omma...omma သက်သာသွားမှာပါ စိတ်မပူပါနဲ့နော်...
Woman:Arnyi Joohyun ya...omma သိပါတယ် omma ဒီ့ထက်ပိုပြီး ကြာကြာမနေရတော့ဘူး ဆိုတာ...
Jh:Arnyiya...omma မသေစေရဘူး...omma ကို chaw တို့ရအောင် ကုမယ် omma ကို chaw တို့ရအောင် ကယ်မယ်လို့!
ထိုအမျိုးသမီက အားအင်ချည့်နဲ့စွာပြုံးလိုက်ပြီး Joohyun ၏လက်ကလေးကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ
Woman:Joohyun na...အားလုံးက တနေ့ကျရင် အဆုံးသတ်ကို ရင်ဆိုင်ရမှာပဲ omma တို့လို လူမျိုးတွေတောင်ပေါ့
Jh:Omma..omma ဘာလို့ ဒီလို အားလျှော့တဲ့ စကားမျိုးတွေပြောနေရတာလဲ ommaကို ရအောင်ကယ်မယ်လို့ ပြောနေတယ်လေ chaw omma မရှိဘဲ မနေနိုင်ဘူး...omma မရှိတဲ့ဘဝမှာ နေဖို့ အသင့်မဖြစ်သေးဘူးလို့!......
YOU ARE READING
The Devil Game
FanfictionA Yoonsic Fanfiction သေသူတွေကို ပြန်လည် ရှင်သန်စေနိုင်တဲ့ အစွမ်းရှိသော The Death Dice... The Death Dice ကြောင့် ဖြစ်ပေါ်လာတဲ့ demon တွေကြားက ကစားပွဲတခု...
