Part 1

878 84 12
                                    

~~~Part 1~~~
~~~The First Meeting~~~

"Ring! Ring! Ring!"

"Ring! Ring! Ring!"

"Ring! Ring! Ring!"

ဖုန်းမည်နေသည်မှာ ဒီတခါနှင့်ဆို သုံးကြိမ်မြောက် ရှိနေပြီဖြစ်သည် အမှန်တကယ်တော့ ပထမဆုံးအကြိမ် ဖုန်းမည်ကတည်းက သူမကြားပါသည် တမင်သက်သက် မကိုင်ခြင်းသာဖြစ်သည် မကိုင်ချင်သော အကြောင်းအရင်းကတော့ ကမ္ဘာပေါ်တွင် သူမအကြိုက်ဆုံးသော အိပ်ရာဆိုသည့် နေရာမှ မခွာချင်သေး၍သာ

ယခုတော့ မရတော့
ဖုန်းမည်နေသည်မှာ ၃ကြိမ်မြောက်ရှိနေပြီဖြစ်သည် ဖုန်းခေါ်နေသောသူက သူမ မကိုင်မချင်း ဇွဲကောင်းကောင်းဖြင့် ဆက်ခေါ်နေအုန်းမည့်ပုံ

ထို့ကြောင့် သူမကိုင်လိုက်ပြီး...

"He..llo..Jessica ပြော..နေပါ..တယ်(Sleepy voice)"

သူမကြားလိုက်သည်ကတော့ ပုံမှန် အသံvolumeကို ၄ဆလောက်ထပ်တင်၍ စက်သေနတ်ပစ်သလို တရပ်စပ်ဝင်ရောက်လာသော သူမအချစ်ဆုံး သူငယ်ချင်း၏ မေတ္တာပို့သံများပင်ဖြစ်သည်

"Yah!Jung Sooyeon!နင်အခုထိ အိပ်ရာကနေ ခွာတောင်မခွာရသေးဘူးမလား ဒီနေ့ငါတို့ ကျောင်းအသစ်မှာ ပထမဆုံး စတက်ရမယ့်နေ့ဆိုတာ သတိရော ရရဲ့လား ဟင်!@#$%&..."

Sica:Yah!Yah!ဒီနေ့ ကျောင်းအသစ်စတက်ရမယ့် ပထမဆုံးနေ့ဆိုတာတော့ ငါလည်း သိပါတယ်ဟ ဒါပေမယ့် အခုမှ အစောကြီး ရှိသေးတဲ့ ကိစ္စကို...

"Borya!အစောကြီး ဟုတ်လား!ဒီမှာ!...ရှည်ရှည်ဝေးဝေး မကြည့်နဲ့ နင်အခု ကိုင်ထားတဲ့ phone က နာရီကိုပဲ ကြည့်လိုက်စမ်း!"

Sica လည်း ပြောသလိုပင် phone က နာရီကို ကြည့်လိုက်သည် အစပိုင်းတော့ အိပ်ချင်မူးတူး မျက်လုံးများကို phone အလင်းရောင် စူးစူးက ထိုးထားသဖြင့် မနည်းပင် ကြည့်ယူရသည် သေသေချာချာကြည့်လိုက်တော့မှ...

"9:00 a.m"

Sica ၏မျက်လုံးများမှာ ဇီးကွက်မျက်ပြူးထက် ပို၍ပြူးကျယ်သွားရသည်ဟု ဆိုလျှင်ပင် မှားမည်မထင်

The Devil GameWhere stories live. Discover now