နွယ်(တတိယပိုင်း)(၂၈)

Mulai dari awal
                                    

စကားကိုအမူအယာတွေနဲ့အပြင်
အားရှိပါးရှိ၊ဟန်ကျပန်ကျလုပ်ယူကာပြောနေ
သောမင်ဂျွန်းကြောင့်ကျွန်တော့်နဲ့xingမှာကား
ထဲကနေ၍ထပ်ပြီးရယ်ပွဲဖွဲ့ရပြန်သည်။

တွေ့လား..ကျွန်တော့်သူငယ်ချင်းမင်ဂျွန်း
ဘယ်လောက်တောင်ချစ်ဖို့ကောင်းသလည်း..

"နုတ်ဆက်ပါတယ် ဒေါက်တာဂင်..xingတို့
ကိုသွားခွင့်ပြုပါအုံးနော်၊ဆူဟိုအတွက်လည်း
စိတ်မပူပါနဲ့xingသူ့ကိုဂရုစိုက်ပေးမှာပါ၊စိတ်
ချပါနော်"

ရင်းနှီးရွှင်ပြစွာဖြင့်ကားထဲကနေxingကဒေါက်တာ
ဂင်ကိုလှမ်း၍နုတ်ဆက်လိုက်သည်။
ထို့နောက်တွင်တော့ ကျွန်တော်စိတ်ကူးများဖြင့်
ရူးခဲ့ရသည့်တစ်ချိန်ကအိမ်လေးသို့စတင်ချီတက်
ရန်ကားစက်ကိုxingကစတင်၍နှိုးလိုက်လေ
တော့သည်။

Xing နှိုးလိုက်သည့်ကားစက်နှိုးသံက
နားထဲတွင်သာယာချိုမြိန်လှသည်။ မပြန်ရတာကြာပြီဖြစ်တဲ့အိမ်လေးကိုတကြော့
ပြန်လွမ်းလာမိတော့ရင်ထဲမှာတမျိုးလေးလိုခံစား
လာရတယ်။ဆေးရုံထဲမှာမွမ်းသိပ်ကျပ်ညပ်
လှတဲ့စိတ်တို့ကအခုခါမှာတော့လိပ်ပြာအတောင်ပံ
ခတ်သလိုတဖျပ်ဖျပ်နဲ့လှိုက်ခုန်နေတယ်လေ။

ပြည့်စုံလွန်းပါတယ်။

နှင်းဆီတွေဝေနေတဲ့အိမ်လေးရယ်
ကဗျာဆန်လှတဲ့ကျွန်တော့်ချစ်သူရယ်..

စိတ်ကူးလေးကကြည်နူးစရာမို့လှိုက်လှိုက်လဲလဲ
ကျွန်တော်ပြုံးချလိုက်မိတယ်။

Xing မောင်းလာခဲ့တဲ့ကားလေးကတော့ညီ
ညာပြန့်ပြူးလှတဲ့လမ်းကျယ်ကြီးထက်မှာမြှားလေး
တစ်စင်းလိုအရှိန်ကောင်းကောင်းနဲ့စပြေးနေပြီ။
ကားအရှိန်နှုန်းနဲ့အပြိုင်ကျွန်တော့်နှလုံးသားလည်း
တလှပ်လှပ်နဲ့ ရင်ထဲမှာလွန့်လူးနေပြီ......

နှာခေါင်းထဲကိုလှိုက်ကနဲတိုးဝင်လာသည့်နှင်းဆီ
ရနံ့ ကြောင့်အိမ်ခြံဝင်းလေးထဲကိုကားကွေ့
လိုက်ပြီဆိုတာဖြတ်ကနဲသိလိုက်သည်။
ဒါပေမယ့်မျက်ဝန်းတွေကပွင့်မလာ။
ဘယ်ရယ်ကြောင့်မှန်းမသိလေးလံနေပြန်တယ်။

"ဆူဟို...အိမ်ရောက်ပြီလေ..xing တို့ဆင်းကြ
ရအောင်"

ရင်ထဲအထိနွေးဆင်းလာတဲ့xing ရဲ့နူးညံ့တဲ့
အသံလေးက လေးလံငြိမ်သက်နေတဲ့
မျက်ဝန်းအိမ်ကိုလာရောက်နှိုးဆွပေမယ့်
ကျွန်တော်ကတော့ဆက်၍ကားထိုင်ခုံကို
မှီကာမှိန်းနေဆဲ။ကားထဲကနေxingထွက်
သွားတဲ့အသံ။ကားတခါးပြန်ပိတ်သံ။
ကားစက်သတ်တဲ့အသံ။ပစ္စည်းတွေချနေတဲ့
အသံအားလုံးကိုကျွန်တော်မျက်လုံးမှိတ်ရင်း
နားထောင်နေမိတယ်။ခဏနေတော့ထိုအသံ
တွေအားလုံးဟာငြိမ်သက်တိတ်ဆိတ်
သွားခဲ့တယ်။

နွယ်​..sulay FicTempat cerita menjadi hidup. Temukan sekarang