ပြောပြောဆိုဆိုနှင့် Joohyun ငိုလေတော့သည် ထိုအခါ အမျိုးသမီးက Joohyun ၏ပါးပြင်ပေါ်မှ မျက်ရည်စက်ကလေးများကို သူမလက်နှင့် အသာအယာ သုတ်ပေးလိုက်ပြီး
Woman:Agioo ငါ့သမီးလေးက အရင်ကအတိုင်းပဲ အငိုအရမ်းသန်တဲ့ ကလေးလေးပါပဲလား...
Jh:Omma...😢😢😢
ထို့နောက် အမျိုးသမီးက အနောက်မှာ နံရံကို မှီရပ်နေသော မိန်းကလေးကို လှမ်းကြည့်လိုက်ပြီး
Woman:Yoongie ya...
ထိုအခါ Yoongie ဟုအခေါ်ခံရသော မိန်းကလေးက အရှေ့တိုးလာကာ
Yoon:ပြောပါ omma
သူမ၏မျက်နှာမှာ ဝမ်းနည်းရိပ်သန်းနေသော်လည်း သူမနှုတ်ခမ်းများကတော့ ဟန်ဆောင်အပြုံးတုကို ပန်ဆင်ထားလေသည်
Woman:Joohyun လေးကို သမီးလက်အပ်ခဲ့ပါတယ် သူကကလေးစိတ်ကုန်သေးတာမဟုတ်ဘူး သမီးကပဲ ဂရုစိုက်လိုက်ပါ omma စိတ်ချပါရစေ
Yoon:Nae omma စိတ်ချပါ...သမီး Joohyun ကိုဂရုစိုက်လိုက်ပါ့မယ်
Woman:ဒါဆိုရင်တော့ omma လည်းစိတ်ချသွားပါပြီ......
အမျိုးသမီး၏ စကားသံမှာ တဖြည်းဖြည်း တိမ်ဝင်ပျောက်ကွယ်သွားလေသည်
"တီ တီ တီ"
သူမနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော နှလုံးခုန်နှုန်းတိုင်း ကိရိယာမှ ထွက်ပေါ်လာသော အသံဖြစ်သည် ထိုကိရိယာမှ ပြနေသည်ကတော့ နှလုံးမခုန်တော့သည့် အမှတ်အသားဖြစ်သော မျဉ်းဖြောင့်လိုင်းများသာ...တနည်းပြောရသော် ထိုအမျိုးသမီး ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးသွားပြီဖြစ်သည်
Jh:Omma!Omma!Omma!!!!!
Joohyun ထိုအမျိုးသမီးကို လှုပ်ကိုင်ကာ အော်ဟစ်ငိုယိုနေသော်လည်း ဘာတုံ့ပြန်မှုမှ မရတော့ပေ
Yoon:Joohyun na...
Yoona က Joohyun ကို ထွေးပွေ့ပေးထားလိုက်သည်
Jh:Unnie..unnie..omma chaw တို့ကိုထားသွားပြီ 😭😢😭😢
Yoon:Joohyun na..unnie တို့ဒါကို ရင်ဆိုင်ရမှာပဲလေ...စိတ်ထိန်းပါ...
သူမတို့ ပြောနေစဉ်မှာပင် ဆရာဝန်များနှင့် nurse များဝင်လာကာ ထိုအမျိုးသမီးကို စမ်းသပ်ကြည့်ကြပြီး
Doc:လူနာ Im Jooin သေဆုံးချိန် ည၁၁နာရီ
***** ***** *****
လူနာခန်းထဲမှ Joohyun ကို Yoona ကတွဲပြီး ထွက်လာလေသည်
Joohyun ၏မျက်လုံးများမှာ ငိုထား၍ နီရဲနေပြီး Yoona မှာလည်း မျက်နှာမကောင်း
သူတို့နှစ်ယောက် ထွက်လာသောအခါ အပေါက်ဝတွင်စောင့်နေသော အနောက်တိုင်း ဝတ်စုံနှင့်ကောင်လေးက Yoona ကို
Boy:သခင်မလေး
Yoon:Aww Luhan ya...
Luhan:အခု အရေးပေါ်အစည်းအဝေး လုပ်ပြီး ဆက်ခံသူရွေးဖို့ကိစ္စ ဆွေးနွေးနေကြပါတယ်
Joohyun ၏မျက်နှာလေး ချက်ချင်းတင်းမာသွားပြီး
Jh:Bor!Omma ဆုံးတာတောင် နာရီပိုင်း မရှိသေးဘူး အခု ဆက်ခံသူအသစ်ရွေးမလို့ ဟုတ်လား! နည်းနည်းလေးမှ လူမဆန်တဲ့ဟာတွေ!
Joohyun ၏အသံတွင် ဒေါသသံလေးပါလာပြီး လူမှာလည်း ဒေါသထွက်လွန်းသဖြင့် ခန္ဓာကိုယ်လေးမှာလည်း တဆတ်ဆတ် တုန်ရင်လာလေသည်
ထိုအခါက Yoona က Joohyun ၏ပုခုံးလေးကို လက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး
Yoon:စိတ်မပူပါနဲ့ Joohyun na...unnie omma ရဲ့ နေရာကို အဆုံးရှုံးမခံပါဘူး(weak smile)
Yoona thought(Omma..ခဏပဲ စောင့်ပါ Joohyun လေးအတွက် omma အသက်ပြန်ရှင်လာအောင် chaw အစွမ်းကုန် ကြိုးစားမယ်)
***** ***** *****
Author ရဲ့ fic အသစ်ပါ
ထုံးစံအတိုင်း Yoonsic ပေါ့😁😁😁
Thz for reading.
I apologise for spelling errors.
Btw votes and comments.
@Junior.
***** ***** *****
YOU ARE READING
The Devil Game
FanfictionA Yoonsic Fanfiction သေသူတွေကို ပြန်လည် ရှင်သန်စေနိုင်တဲ့ အစွမ်းရှိသော The Death Dice... The Death Dice ကြောင့် ဖြစ်ပေါ်လာတဲ့ demon တွေကြားက ကစားပွဲတခု...
Intro
Start from the beginning
