ကျနော် အဲ စကား ပြောပြီး မကြာပါဘူး ... Suho hyung ဖုန်းဝင်လာတယ် ... ကျနော်လည်း သူတို့ကို ပြုံပြပြီး ဖုန်းပြောဖို့ သူတို့နဲ့ နဲနဲ ဝေရာထွက်လာခဲ့တယ်

"Hello Suho hyung"

"Yaaa Chanyeol ... မင်းအခု ဘယ်သွားနေတာလဲ။ manager လည်း စိတ်တိုနေတယ် သူ့ကိုမပြောဘဲ သွားလို့ ပြီးတော့ car လည်း ယူသွားသေးတယ်"

"Mianhae hyung ... hyung ရယ် hyung ဘဲ manager ကို ကြည့်ပြောထားပေးပါ။ကျနော် ပြန်ရောက်ရင် ပြောပြပါ့မယ်။ manager ကိုတော့ hyung ကြိုက်သလိုသာ လိမ်ပြီး ပြောထားပေးပါနော်"

"အေးပါ ... ခဏနေဆို practice စတော့မှာနော်။ အမှီတော့ ပြန်လာခဲ့"

"Nae hyung အခု ပြန်လာနေပါပြီ"

"Okkkay"

ကျနော် လည်း ဖုန်းပြောပြီး သူတို့ဆီ လှည့်ကြည့်လောက်တော့ မရှိတော့ အဲ နေရာမှာ

ကျနော်လည်း မျက်နှာလေး မြင်ပြီး စကားပါ သွားပြောပြီးပြီ ဆိုတော့ .... ဟီး ~ Soo ဘယ်လို ခံစားရမလဲ သိချင်လိုက်တာ

........
"OMG Soo ရေ ... Chan .. chanyeol oppa က နင့်နာမည် ခေါ်သွားတာလား Soo တဲ့ 😱"

"နင်လည်း အဲလိုဘဲ ကြားတာလား"

"အေး"

"ငါကောဘဲ ... ဒါပေမယ့် နားကြားလွဲတယ်ထင်လို့"

"Soo 😭😭"

"ဟာ .. Yoon Yoon မငိုနဲ့လေ လေဆိပ်ကြီးမှာလေ အခု"

"ငါ ... ငါ 😢 Chanyeol oppa ကို ဒီရောက်ရောက် ချင်းတွေ့တာလုံးဝ မယုံနိုင်ဘူးဟာ 😭 "

"အေးပါဟယ် ... ခုလောလောဆယ် taxi သွားငှားပြီး အဆောင် သွားရအောင်ဟယ် နော် Yoon"

"Omm 😢 Yeollie ကော ... သူဒီကို ပြန်လာရင် ...... "

"ကဲ Yoon ရယ် သွားရအောင် မြန်မြန်"

Soo လည်း ခုဖြစ်ပျက်သွားတာတွေကို လုံးဝ မယုံကြည်နိုင်ပေ ... အိပ်မက် တခုလား ဆိုပြီးသာ စိတ်ထဲတွင် တွေဝေနေဆဲ

.........
"ကဲ ဒါသမီးနေရမဲ့ အခန်းပါ ... လိုအပ်တာရှိရင် arjima ကိုပြောနော် ဘာမှအားမနာနဲ့ 😊"

Soo : Nae arjima ... ကျေးဇူးတင်ပါတယ်
........

Yoon's pov

ကျမ အခန်းထဲ ရောက်တာနဲ့ ကုတင်ပေါ်မှာ ထိုင်ရင်းတာ စဉ်းစားနေမိတယ် လေဆိပ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ...
Chanyeol oppa ... သူက ကျမတို့ကို ဘယ်လိုသိတာလဲ?
အဓိက Soo ... Soo နာမည်နဲ့ "Annyeong Soo" ဆိုပြီးတောင် နှုတ်ဆက်နေသေးတယ်
Soo နဲ့ သူက .... ဟူး ...

The Meaning of LOVE?Where stories live. Discover now