နွယ်(တတိယပိုင်း)(၂၇)

Start from the beginning
                                    

ခုတင်​​ပေါ်မှာငုပ်​တုတ်​က​လေးထိုင်​​နေရင်းရင်​ဖို
စရာ​ကောင်းတဲ့အကြည့်​​တွေနဲ့ရွှန်းရွှန်း​ဝေကာ
Xing ကိုကြည့်​ရင်း က​လေးတစ်​​ယောက်​တစ်
ယောက်​လိုအမူအယာ​တွေနဲ့ချွဲပြ​နေတဲ့သူ့ကို
xing ဘာများ​ပြောနိုင်​အုံးမှာလည်း
xing လက်​ကိုအတင်းဆုပ်​ကာထားတဲ့ ဆူဟို့
ရဲ့မျက်​နှာကို ကြည့်​ပြီးသက်​ပြင်းတစ်​ချက်​နှင့်​အတူ
ပြုံးတစ်​ပွင့်​ကို​ရော၍ xing ပြုံးလိုက်မိတယ်​။

"အင်းပါ ဆူဟိုရယ်​....ဒီအတိုင်းကြီး​တော့xing
အလာကိုထိုင်​​စောင့်​မ​နေပါနဲ့၊တစ်​​ရေး​လောက်
တော့အိပ်​လိုက်​​နော်​..ဆူဟိုတစ်​​ရေးနိုးလို့
မျက်​လုံးပွင့်​လာတဲ့အချိန်​ ဆူဟို​ဘေးမှာxing
ရှိ​နေမှာပါ...ဒါ​ကြောင့်​xingသွားတာနဲ့ ဆူဟို
တစ်​​ရေး​လောက်​အိပ်​လိုက်​​နော်​"

က​လေးတစ်​​ယောက်​ကိုချော့မြူသိပ်​သလိုဆူဟို
ကိုမနည်းချော့ကာအိပ်ခိုင်းလိုက်ရသည်။
ခု​တော့သူအိပ်​​မောကျသွားပြီ။

"ဆူဟိုရယ်​"

ကျွန်​မသူ့နာမည်​​လေးကိုနှုတ်​ဖျားထက်​၌လွမ်းလွမ်း
ဆွတ်​ဆွတ်​​​လေးခေါ်လိုက်​ရင်း သူ့လက်​​လေးကိုတင်း
ကျပ်​စွာဆုပ်​ကိုင်​ထားမိတယ်​။ဒီ​နေ့တစ်​မနက်​လုံး
နှစ်​​ယောက်​အတူတူလမ်း​လျှောက်​တယ်​။ချယ်​ရီလမ်း
မှာပန်း​တွေနဲ့​အတူတူဆော့ကစားခဲ့တယ်​။ဒါ​တောင်​မဝ​သေးဘူးလားလို့ xing မ​မေးရက်​ပါဘူး​လေ။xing
လည်းသူ့လိုပဲခံစား​နေရလို့​ပေါ့။ခဏ​လေးပဲဖြစ်​ဖြစ်
Xingသူ့နားမှာနေချင်သေးတယ်။

                ~~~~~~~~~~~~~~~

မရောက်တာကြာပြီဖြစ်သော ရှင်း တို့နှစ်ယောက်
၏မင်္ဂလာဦးအခန်းလေးသည် ဟောင်းနွမ်းကြာ
ညောင်းခဲ့ပြီဖြစ်သော အရင်အတိတ်ကအချိန်
တွေထက်ပို၍ပင်ချောက်ကပ်တိတ်ဆိတ်နေသည်။
နာကြည်းခါးသီးမှုတွေနဲ့အမြင်မတူမှုတွေကိုမလွတ်
တမ်း ဖမ်းဆုပ်တွယ်ခဲ့ကြသည့် လူသားနှစ်ဦး၏
မင်္ဂလာဦးညသည်ထိုနေ့ကတည်းကရင်းပါးလျအက်
ကွဲလွယ်သောဆက်ကြောင်းများရှိသည့်ကြေးမုံပြင်
တစ်ချပ်ဖြစ်ခဲ့ရသည်။

နွယ်​..sulay FicWhere stories live. Discover now