baek က lu အတွက်ရော သူ့အတွက်ပါ
ပြင်ဆင်ထားသည်။

lu က ခြယ်သတာမျိုးလဲ မလုပ်တော့ …
baek ပြင်ဆင်ပြီးတဲ့ အထိ စောင့်နေလိုက်သည်။

1 hour later,

baek " lu ရေ သွားရအောင် ငါအဆင်သင့်ပဲ "

lu က ထိုင်ရာကမထဘဲ …

lu " baek ငါ မလိုက်လို့ မရဘူးလား "

baek   "  lu နင် ဘာဖြစ်နေတာလဲ
ဘာလို့ ဒီလောက်တောင်ငြင်းနေတာလဲ
မရဘူး လိုက်ခဲ့ "

နောက်ဆုံးတော့လည်း lu အရှုံးပေးပြီး လိုက်ခဲ့ရတော့သည် ...

                           •°•°•°•°•

Oh shin Hotel ရဲ့ ကြီးမား ခမ်းနားသော
ခန်းမကြီးအတွင်းမှာ အထက်တန်းလွှာမှ လုပ်ငန်းရှင်များဖြင့် စည်ကားလှသည်။

Oh shin ဥက္ကဋ္ဌကြီး ကိုယ်တိုင် တက်ရောက်သော ပွဲဖြစ်သည့်အတွက်
စည်းကားရုံမျှမက ဝတ်စားဆင်ယင်ထားတာတွေက အပြိုင်အဆိုင်။
နောက်ပြီး မိန်းခလေးတွေလည်း တစ်ယောက်တစ်မျိုး မတူအောင်ကို ပြင်ဆင်လာကြသည် ။

lu ခန်းမထဲ ရောက်တာနဲ့ အရင်ဆုံး sehun ကို ရှာနေမိသည်… ။

Sehun ကိုတော့ Lu  ရောက်လာကြောင်း အရိပ်မယောင်လေး  ပြရမယ်မို့လား …

baek က lu တစ်ယောက် sehun ကို ရှာနေတယ်ဆိုတာ သိတော့ …

baek    "  lu hun ကို ရှာနေတာလား"

lu     "မရှာပါဘူး "

lu ငြင်းပေမယ့် baek က သိတာမို့ hun ရှိတဲ့နေရာကို ညွှန်လိုက်သည်…။

baek " ဟိုမှာလေ hun တွေ့လား "

baek ညွှန်ရာကြည့်လိုက်တော့ မိန်းခလေးတွေ ဝိုင်းအုံနေတဲ့ ကြားက hun ခေါင်းလေးကိုသာ မြင်ရသည်…

lu မျက်နှာက အလိုမကျတဲ့ ပုံရိပ်လေးသန်းလာကာ…

lu "ဘာလို့ သူ့နားမှာမိန်းခလေးတွေ အများကြီး ဝိုင်းနေတာလဲ အကုန်လုံးကလည်း အချောအလှတွေချည်းပဲ"

baek " lu ရယ် နင်ဒါလေးတောင်မသိဘူးလား ဒီပွဲက သမက်ဖမ်းပွဲလေ "

lu    " သမက်ဖမ်းပွဲ ဟုတ်လား "

lu က နားမလည်သလိုမေးတော့…

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now