နွယ်​(တတိယပိုင်း)(၂၆)

Start from the beginning
                                    

ဒီ​နေရာ​လေးက​ဆေးရုံကြီးရဲ့အတွင်းဘက်​ကျကျ
တစ်​​နေရာ၊ကျယ်​ဝန်းတဲ့​မြေပြန့်​သဏ္ဍာန်​ရှိပြီး၊မြက်
ခင်းစိမ်းစိမ်း​လေး​တွေနဲ့အရမ်းကိုလှပတဲ့​နေရာ​လေး။
ထို​မြေပြန့်​သဏ္ဍာန်​မြက်​ခင်း​လေးရဲ့အလယ်​မှာ
အလှတည်​​ဆောက်​ထားတဲ့​ရေကန်​အငယ်​စား​လေး
တစ်​ခုရှိ​တယ်​။ထို​ရေကန်​ငယ်​​လေးမှ​ရေစီးသံ သဲ့သဲ့​လေးကြားရလျှင်​​ပင်​မောပန်းမှု​တွေ​ပြေ​ပျောက်သွား​သလို၊လူလည်းလန်းဆန်းလို့သွားရသည်​။

ကြည်​လင်​လှတဲ့​ရေပြင်​ကိုဗြုန်းခနဲမြင်​လိုက်​ရ​တော့
Xing တခဏမျှအသက်​ရှူမှားသွားသည်​။

”အိုး...​ရေ​လေး​တွေကြည်​လင်​​နေတာပဲ​နော်​..​ရေ
ကလည်း​အေးစိမ့်​စိမ့်​​လေး”

Xingက ကန်​​ဘောင်​​ပေါ်ထိုင်​ရင်း ​အောက်​​ခြေကြမ်း
ပြင်​မှ​ကျောက်​ခဲ​သေး​သေး​လေးများကိုမြင်​ရသည်​ထိ
ကြည်​လင်​​နေတဲ့​ရေကိုလက်​ဖျား​လေးနဲ့တို့ထိကာ
သ​ဘောတကျ​ပြောဆို​နေသည်​။

ထိုအချိန်​တွင်​နှင်း​ငွေ့​တွေ​ရောယှက်​၍တိုက်​ခတ်​လာ
သော​မြောက်​ပြန်​​လေညှင်းနုနု​ကကျွန်​​တော်​တို့နှစ်
ယောက်​လုံး၏ခန္ဓာကိုယ်​​ပေါ်သို့​ဝတ်​ရုံပါးတစ်​ထည်
လွှမ်းခြုံသလိုဖြေးညင်းစွာလွှမ်းခြုံ​သွားသည်​။
တိုက်​ခတ်​လာ​သော​လေထဲတွင်​အ​အေးဓာတ်​​လေးကအနည်းငယ်​ပါလာတာ​ကြောင့်​xing​ရော
ကျွန်​​တော်​​ရောခန္ဓာကိုယ်​​လေး​တွေကရုတ်​တရက်
တုန်​တက်​သွားကြသည်​။

”ဆူဟို ချမ်း​နေပြီလား..”

နွေး​ထွေးကြင်​နာ​သောအသံတစ်​ခုကိုနီးကပ်​စွာ
ကြားလိုက်​ရပြီး​နောက်​မှာ..ကျွန်​​တော့်​ခန္ဓာကိုယ်
ပေါ်သို့မိန်းက​လေးဝတ်​အ​မွေးပွပွlong coat
အ​နွေးအကျီင်္ီတစ်​ထည်​ကပုခုံးထက်​တွက်​လွှမ်းခြုံ
လို့သွားခဲ့သည်​။

ကျွန်​​တော့်​ခန္ဓာကိုယ်​ပေါ်သို့xingရဲ့အ​နွေးအကျီင်္ီ
လေးလွှမ်းခြုံ​ပေးလိုက်​သည်​ကိုသိလိုက်​ရချိန်​မှာ
ကျွန်​​တော့်​ရဲ့ဘယ်​ဘက်​ရင်​အုံနားမှနှလုံးသား​လေး
သည်​ ​နွေးခနဲ၊သိမ့်​ခနဲဖြစ်​ကာတလှပ်​လှပ်​နဲ့ရင်​ခုန်
နှုန်း​တွေမြန်​လာသလိုလိုခံစားလိုက်​ရသည်​။

နွယ်​..sulay FicWhere stories live. Discover now