နွယ်​(တတိယပိုင်း)(၂၅)

Start from the beginning
                                    

ကျွန်​​တော်​သည်​အချိန်​​တော်​​တော်​ကြာကြာ xing
ရဲ့အကြည့်​မှာ ​တွေ​ဝေ​ငေးငိုင်​ရင်း နှုတ်​ဆွံအ​နေမိ
တယ်​။

”လာ...​ရေပတ်​တိုက်​ပြီးအကျီင်္ီလဲ​ပေးမယ်​​နော်​”

နောက်​ဆုံးxingရဲ့တိုးတိတ်​စွာ​ချော့မြှူသံစကား
အဆုံးမှာကျွန်​​တော်​ဟာသူ့လက်​ထဲ၌က​လေးငယ်
တစ်​​ယောက်​လိုဖြစ်​သွားရရှာတယ်​။

ခဏကြာ​တော့အ​ငွေ့တ​ထောင်း​ထောင်းထ​နေတဲ့
ပန်​ကန်းလုံး​လေးကိုကိုင်​လျက်​xingကျွန်​​တော့်​အ
ရှေ့ကို​ရောက်​လာပြန်​တယ်​။ကျွန်​​တော့်​မျက်​စိ​ရှေ့
က​နေနာရီဝက်​​လောက်​​ပျောက်​သွားတဲ့သူမက
ကျွန်​​တော့်​အတွက်​မနက်​စာကိုဆိုင်​က​နေတကူးတ
ကသွားဝယ်​လာပုံရသည်​။

ခုတင်​​ပေါ်ကိုတစ်​​ယောက်​စာစားပွဲခုံ​လေးတင်​၍
အ​ငွေ့​တွေ​ဝေ​နေ​သောပူပူ​နွေး​နွေးဆန်​ပြုတ်​ပန်း
ကန်​​လေးကိုကျွန်​​တော့်​အ​ရှေ့လာချ​ပေးတယ်​။

”​သောက်​လိုက်​နော်​..ဆန်​ပြုတ်​ကိုဆူဟိုမကြိုက်​ဘူး
ဆိုတာသိ​ပေမယ့်​ခုချိန်​မှာဆူဟိုနဲ့တည့်​တာဆန်​ပြုတ်
ပဲရှိလို့xingဝယ်​လာခဲ့တာ..နည်းနည်းဖြစ်​ဖြစ်​​သောက်
လိုက်​​နော်​”

ပါးစပ်​က​ပြော​နေရင်းနဲ့အနည်းငယ်​လွတ်​​နေတဲ့ခုတင်
ရဲ့​ဘေးအစွန်း​လေမှာxingကတ​စောင်းဝင်​ထိုင်​လိုက်
ပြီးစားပွဲ​ပေါ်တွင်​ချထား​သောဆန်​ပြုတ်​ပန်းကန်​​လေး
ကိုအလိုလိုလက်​ကလှမ်းယူလိုက်​သည်​။

”ဟ...xing..ခွံ့ ​ကျွေးမယ်​​နော်​..”

စကားနဲ့တပြိုင်​နက်​ပင်​ကျွန်​​တော့်​ပါးစပ်​နားသို့ဇွန်း
လေးကရစ်​ဝဲလာသည်​။

”ရပါတယ်​..ဆန်​ပြုတ်​​လောက်​က​တော့ကိုယ့်​ဟာ
ကိုယ်​​သောက်​ပါ့မယ်​”

ကျွန်​​တော့မျက်​နှာကိုဇွန်းနဲ့ဆန့်​ကျင်​ရာဘက်​သို့
ယိမ်းရင်းxingလက်​ထဲကဇွန်းကိုလှမ်းယူလိုက်
ကာရှေ့မှာချထားတဲ့ဆန်​ပြုတ်​ပန်းကန်​ထဲမှတစ်​ဇွန်း
လောက်​ခပ်​၍​သောက်​လိုက်​သည်​။

နွယ်​..sulay FicWhere stories live. Discover now