" ကျွန်တော်ရဲ့ကောင်လေး "သီးသန့် လူနာခန်းထဲ ရွှေ့ပြောင်းအပြီးမှာ … Lu နှင့် အတူ
xiumin ပါ သတိမရသေးသည့် suho အနားမှာ စောင့်ရှောက်ပေးနေသည်...။Lu က Suho ရဲ့ လက် နှစ်ဖတ်ကို ဆုပ်ကိုင်ထားသည်။
မျက်နှာလည်း မကောင်း ။
Xiu ကတော့ ခပ်မှိုင်မှိုင်ဖြစ်နေသည့် Lu ရဲ့ ပခုံးလေးကို ဖက်ထားပြီး …xiu : " စိတ်ကို လျော့ထားပါ Lu ရယ် … အခြေအနေကောင်းလာမှာပါ
ပိုက်ဆံ အတွက်လည်း စိတ်မပူလို့ ရနေပြီပဲ … CEO က ကူညီမယ်လို့ ပြောသွားတယ်လေ "lu : "ဟင် !! CEO ?
CEO ကဘယ်သူလဲ?"lu နားမလည်စွာပြန်မေးလိုက်မိစဉ် ကြားရသည့်အဖြေက ကိုယ့်နားကိုမယုံနိုင်။
xiu : "သြော် … အမှန်တော့ ငါနင့်ကိုမပြောရသေးတာရှိတယ်
အန်တီ Su ကို ကားနဲ့တိုက်မိတဲ့သူက ငါအလုပ်လုပ်နေတဲ့ OH Shin Company ရဲ့ C.E.O ပါ .. Oh Sehun ဆိုသူလေ "lu : " ဟင် … သူက အဲ့လောက်ထိ ကြီးကျယ်တဲ့သူလား . . CEO ? "
Lu ထင်မထားသည်မို့ အံ့သြထိတ်လန့်ရသည်။ တခြားစိတ်ပူ စရာ တစ်ခုက … သူ Sehun ကိုဆွဲထိုးမိခဲ့ပြီ ။ ဒါဆို …
lu : "ဒါဆို Xiu
ငါ့ကြောင့် နင် ထိခိုက်သွား
နိုင်လား . . .ငါ သူ့ကို ခုနက … "xiu : "စိတ်မပူပါနဲ့luရယ်
, CEO က အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားတက်သူပါ ငါ မထိခိုက်နိုင်ဘူး "Xiu ပြောသည့် အတိုင်းဆိုရင်တော့ …Oh Sehun ဟာ လူကောင်းဖြစ်မည့်ပုံပင်။
lu : "ငါ တောင်းဆိုစရာရှိတယ် xiu
ဒီည ငါအလုပ်သွားချိန် ommaကိုစောင့်
ရှောက်ပေးနိုင်မလား "xiu : "ဒီလို အခြေအနေမှာတောင် နင်
အလုပ်သွားနိုင်သေးတယ်နော် "xiu ရဲ့ အသံမှာ အပြစ်တင်ချင်သည့် သဘော… ဒါပေမယ့် သူမတက်နိုင်။
lu : "ငါဘယ်သွားချင်ပါ့မလဲ xiuရယ်
ဒီလို အခြေအနေမှာ ငါပိုပြီး ပိုက်ဆံရှာရမယ် omma ကိုဆေးကုရမယ်လေ"ကုတင်ထက်၌ လဲလျောင်းနေသော suho ကိုကြည့်ရင်း Lu အင်အားမဲ့စွာ တီးတိုးရေရွတ်လိုက်သည်။
YOU ARE READING
ကျွန်တော်ရဲ့ကောင်လေး [Completed]
FanfictionHunHan ( normal ) ဘဝမှာ နာကျည်းချက်နဲ့အတူ ပုံစံတကျ ရှင်သန်လာခဲ့တဲ့ tomboy လေး *xiao luhan* ရုပ်ရည် အောင်မြင်ချမ်းသာမှူ့တွေနဲ့ ပြီးပြည့်စုံလွန်းတဲ့ ပျို တိုင်းကြိုက်တဲ့ နှင်းဆီခိုင် *oh sehun * သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ နှလုံးသားမှာ အချ...