{1}

8.8K 376 22
                                    

"ကျွန်တော်ရဲ့ကောင်လေး"

'Oh oh ... every time I see you .'

အိပ်ယာဝင်ခါနီး ပေါ်ထွက်လာတဲ့ Ph ring ကြောင့်   Contact name လေးကို တစ်ချက်ကြည့်လိုက်သည်။

Aunty Su  ပါလား … ။

xiu : Hello အန်တီ Su :

Su :သမီး xiu လား :

xiu : ဟုတ်… Xiu ပါ ဘာအရေးကြီးလို့လဲဟင်  … ဒီအချိန်ကြီး :

Su : Lu အိမ်ပြန်မလာတာ ၁ပတ်ရှိပြီသမီး ။  Luဘယ်မှာအလုပ်လုပ်နေတယ်ဆိုတာ ဆိုတာပြောပြနိုင်မလား  luနဲ့ သူငယ်ချင်းတွေမို့ xiu သိမယ် ဆိုတာ သိပါတယ်  …  ပြောပြပါ xiu ရယ် :

suho ရဲ့စိုးရိမ်တကြီး မေးမြန်းသံကြောင့်
xiuလည်းမနေသာတော့ xiu ကိုယ်တိုင်လည်း မလိမ်ညာချင် Aunty suကိုလည်းသနားသည်လေ…။

xiu :  lu အလုပ်လုပ်တဲ့ နေရာက . . . . . . . .

                    °•°•°•°•°

ပြိုးပြတ်နေသော မီးရောင်စုံများအောက်
အလိုရမ္မက် အတွက် ငွေကိုရေလိုသုံးနေသည့် ပုရိသများစွာ
ထိုငွေရရှိရေးအတွက် မိမိရဲ့ခန္ဓာကိုယ်ကို အသုံးချ စီးပွားရှာနေသည့် မိန်းမပျိုလေးများ
သူတို့ လိုအပ်သမျှ ဖြည့်ဆည်းပေးရသော အလုပ်သမားလေးများ ပါဝင်နေသည့်   'Monster ' အမည် နှင့်  Club တစ်ခု …။

Lu ကတော့ ထိုမိန်းကလေးတွေလောက် ဝင်ငွေမကောင်းလှ။
ဒါပေမယ့် lu ကျေနပ်သည်။
lu က ကာယအားကို သုံးရသော်လည်း အသွေးသားကို ရင်းနှီးရသည်မဟုတ်။ နေ့စဉ်မြင်တွေ့နေရသော ဤအရာတွေကို မမြင်ချင်သော်လည်း luက ဘဝသမားတစ်ယောက်မို့ ရှောင်လွှဲလို့မရသည့်  အခြေအနေပင်…။

Bar မှာရှိတဲ့ နာရီလေးကို လှမ်းကြည့်မိတော့
lu ရဲ့အတွေးစများပျောက်သွားသည်။

မနက်  4နာရီတောင်ရှိပြီ ။
Lu ရဲ့  အလုပ်ချိန်လည်း  ရပ်နားရတော့မည်။

အာရုဏ်ဦးရဲ့  အလင်းရောင်လေးကို
ခံစားထိတွေ့ရချိန် … တစ်ညလုံး အလုပ်လုပ်ထားရလို့  ပင်ပန်းနေပြီဖြစ်သော ကိုယ် နဲ့ စိတ်ဟာ  တစ်ခဏတွင်းပင် လန်းဆန်းသွားရသည်။

"baby don't cry tonight "

ရုတ်တရက်မြည်လာသော ph ringလေးကြောင့်  ကျိန်းစပ်နေသော မျက်လုံးအစုံကို ပွတ်သပ်ရင်း  ကြည့်လိုက်သည်။

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now