Can't forget You

972 34 6
                                    

အ​ပေးဆပ်​ခံနှလုံးသားပိုင်​ရှင်​နှစ်​ဦး၏အချစ်

(Part-1)

ကျွန်​မ၏စိတ်​ဓာတ်​တက်​ကြွ​နေမိသည်​။ကျွန်​မ၏​မွေးရပ်​​မြေKorea သို့ပြန်​ရ​တော့မည်​။ကျွန်​မ၏သူငယ်​ချင်းနှင့်​ခွဲခွာခဲ့ရသည်​မှာ၅နှစ်​ခန့်​ပင်​ရှိပြီဖြစ်​သည်​။၅နှစ်​ဟူ​သောအချိန်​အတွင်းမှာကျွန်​မတို့နှစ်​ဦးကိုယ့်​ဘဝလမ်းကိုကိုယ်​တိုင်​​လျှောက်​လှမ်း​နေပြီဖြစ်​သည်​။

ကျွန်​မ​လေယာဉ်​​ပေါ်တက်​လိုက်​သည်​နှင့်​ယခုJapan ​မြေ​ပေါ်မှထွက်​ခွာရ​တော့မည်​ဟူ​သောအသိဝင်​လာသည်​။ကျွန်​မဤ​မြေကိုကျွန်​မအမိ​မြေ​လောက်​မချစ်​မိ​ပေ။ကျွန်​မဤ​မြေ​ပေါ်မှာ​နေ၍အ​တွေ့အကြုံသစ်​များစွာရခဲ့ရပြီ။ဤမျှသာ​ကျွန်​မအ​ပေါ်​ကျေးဇူးရှိသည်​။ကျွန်​မတတ်​ထား​သောပညာရပ်​ဖြင့်​အမိ​မြေတိုးတက်​မှုရှိ​အောင်​ကျွန်​မ​ဆောင်​ရွက်​ရ​ပေမည်​။

ဝေးကွာလွန်း​သောခရီးစဉ်​မဟုတ်​​သော်​လည်းကျွန်​မအနည်းငယ်​​ကြောက်​လန့်​မိသည်​။ကျွန်​မ၏​ကြောက်​လန့်​စိတ်​ကားအခြားမဟုတ်​။ကျွန်​မ၏သူငယ်​ချင်းကျွန်​မကိုမှတ်​မိပါဦးမလား။ကျွန်​မအတွက်​သူယခင်​က ကဲ့သို့အချိန်​​ပေးနိုင်​ပါ​တော့မလား။ဤသို့​သောအ​တွေးများကကျွန်​မကိုဝမ်းနည်းစိတ်​များ​ပေါ်လာ​အောင်​လုပ်​​ပေး​နေသည်​။ကျွန်​မအိတ်​ထဲမှဓာတ်​ပုံကိုကြည့်​ရင်းငယ်​စဉ်​ကသူမနှင့်​ကျွန်​မကစားခဲ့ပုံများကိုမြင်​​ယောင်​လာမိသည်​။လေယာဉ်​ဆင်းသက်​​တော့မည်​ဖြစ်​​ကြောင်းသတိ​ပေးသံ​ကြောင့်​ကျွန်​မဓာတ်​ပုံကိုပြန်​သိမ်းထားလိုက်​မိသည်​။

Korea ​မြေ​ပေါ်သို့်​ကျွန်​မ​နောက်​ဆုံး​တော့အ​ခြေချနိုင်​ပြီဖြစ်​သည်​။ကျွန်​မ​လေဆိပ်​ထဲသို့​ရောက်​လာသည်​နှင့်​ကျွန်​မသူငယ်​ချင်း၏ပုံရိပ်​များကိုမြင်​​နေရမိသည်​။Park Jiyeon ၏ပုံရိပ်​လွှာများသည်​​လေဆိပ်​ထဲရှိbanner များတွင်​ပြည့်​​နေသည်​။သူမဤမျှပင်​​အောင်​မြင်​​နေ​သောအနုပညာရှင်​တစ်​ဦးဖြစ်​​နေ​လေပြီ။သူမ၏အပြုံး​လေးကယခုအချိန်​ထိလူတိုင်းကိုဖမ်းစားထားဆဲပင်​ဖြစ်​သည်​။ကျွန်​မသူမ၏ပုံကိုကြည့်​​နေချိန်​တွင်​ကျွန်​မမုန်း​ပေ့ဆို​သောကျွန်​မအ​ဖေ၏အတွင်း​ရေးမှုးကျွန်​မအနီးသို့​ရောက်​လာ​ပေသည်​။

အ​ပေးဆပ်​ခံနှလုံးသားပိုင်​ရှင်​နှစ်​ဦး၏အချစ်​Donde viven las historias. Descúbrelo ahora