တကယ်​​တော့
Chanyeol က ကြံစည်​​နေတာမဟုတ်​ပါ..
ကြံစည်​ပြီး​နှင့်​ခဲ့​လေပြီ...

...

Baekhyun ထမင်းစားပြီး​တော့ အခန်းထဲကိုပဲ
တန်းပြန်​လာခဲ့တယ်​..

စာကျက်​ရမယ်​..
မနက်​ဖြန်​ pre testရှိတယ်​..

စာအုပ်​​တွေကို​ကျော​ပိုးအိတ်​ထဲကထုတ်​​နေရင်းနှင့်
ပင်​ ဝင်​လာတာ Chanyeol မျက်​နှာ...

သူ​ရောစာကျက်​​နေပြီလားမသိ..

Chanyeol က ကျ​တော်​ထက်​စာ​တော်​တာပဲ​လေ
တော်​လို့ VIP အခန်း​တောင်​​ရောက်​​နေတဲ့ဟာ..
မဟုတ်​တာ​တွေ​​တွေးမိ​နေတာပဲ..

Baekhyun ​ခေါင်းကိုတစ်​ချက်ယမ်းလိုက်​ပြီး
စာအုပ်​ကိုသာဖွင့်​လိုက်​၏..

စာမျက်​နှာပြင်​မှာ​ပေါ်လာတာက ပြုံး​နေ​သော
Chanyeol မျက်​နှာ...

Ashi..Byun baekhyun မင်းစိတ်​​ရောနှံ့​သေးရဲ့လား..

အသိစိတ်​တစ်​ချက်​ ဦး​နှောက်​ထဲရိုက်​သွင်းလိုက်​​သော်​လည်း မ​ရောက်​​ပေ..

မေးကို​ထောက်​ရင်း Chanyeol ရဲ့အပြုံး​တွေကို
တွေး​နေမိသည်​..

အပြုံးဆိုတာ ​ကိုယ့်​စိတ်​ထဲမှာ​ပျော်​ရွင်​လို့
ဝမ်းသာလို့ ကြည်​နူးစရာတစ်​ခု​ရှိလို့ဖြစ်​​ပေါ်လာတဲ့
Emotion တစ်​ခုပဲ​လေ..

Park Chanyeol ရဲ့အပြုံး​တွေကအဲ့လိုမဟုတ်​ဘူး..
နှုတ်​ခမ်းဖူးဖူးလှလှ​လေး​တွေက​နေ မလိုက်​မဖက်
မလှပတဲ့အပြုံး​တွေကိုဖန်​ဆင်းပြီးပြုံးပြ​လေ့ရှိ တယ်​...
ဘာလို့်လဲ...သူ့စိတ်​ထဲမှာ ​ဘယ်​လိုခံစား​နေရလို့
သူ့အပြုံး​တွေက နာကျင်​မှု​တွေ နာကျည်းမှု​တွေ
ပြည့်​နှက်​​နေရတာလဲ..

အား!!...ငါဘာ​တွေ​လျှောက်​​တွေး အ​ဖြေရှာမိ​နေတာလဲ..အလုပ်​မဟုတ်​တာ​တွေကွာ..!

Baekhyun ကိုယ့်​စိတ်​ကိုပြန်​ထိန်းလိုက်​ရင်​စာထဲမှာစိတ်​ကိုနှစ်​လိုက်​​ရန်​ပြင်​လိုက်​တုန်း..

ဝုန်းကနဲ ပွင့်​လာ​သော သူ့အခန်းတံခါး..

ရုတ်​တရတ်​ ဆို​တော့လန့်​ကာ ထိုင်​​နေရာမှထလိုက်
မိသည်​..

Love Policy(Completed) Where stories live. Discover now