နွယ်​(တတိယပိုင်း)(၂၂)

Beginne am Anfang
                                    

ရုပ်​ရည်​သန့်​ပြန့်​၍နှစ်​လိုဖွယ်​​ကောင်းတဲ့အပြုံးနဲ့​ယောက်
ကျားပီသလှတဲ့မျက်​နှာပိုင်​ရှင်​က ကျွန်​မကိုအပြုံးချိုချိုနဲ့
စတင်​ပြီး​တော့နှုတ်​ဆက်​တယ်

ထို့​နောက်​မှာ​တော့ သူ​ရောxing ​ရောနှစ်​​ယောက်​လုံး
သက်​ဆိုင်​ရာခုံအသီးသီးမှာဝင်​ထိုင်​လိုက်​ကြရင်း
နှစ်​​ယောက်​စလုံးဘယ်​က​နေဘယ်​ကိုစကားအစပျိုး
ရမလည်းလို့လမ်းစရှာ​နေကြတာ​ပေါ့။

ထိုအချိန်​မှာပဲ​စကားလမ်း​ကြောင်း​အရင်​စလာခဲ့တာက​ ​ဒေါက်​တာဂင်​...

"ဆူဟိုနဲ့...တကယ်​ပဲကွာရှင်း​မလို့လား..."

ကျွန်​​တော်​ရဲ့အဆက်​စပ်​မရှိ​ဘောင်​​ကျော်​စွာ​မေးလိုက်​တဲ့
မေးခွန်း​ကြောင့်​သူမရဲ့မျက်​နှာဟာပျက်​ယွင်းယွင်းဖြစ်
သွားခဲ့ပြီးအလိုမကျတဲ့အရိပ်​​ရောင်​​တွေ​ယှက်​နွယ်​သွား
ခဲ့တယ်​။

"အာ...​ဆောရီးပါဗျာ...ကျွန်​​တော်​​ဘောင်​​ကျော်​တဲ့​မေး
ခွန်းကို​မေးမိလိုက်​တဲ့အတွက်​တောင်းပန်​ပါတယ်​ဒီကိစ္စကကျွန်​​တော်​နဲ့မဆိုင်​တဲ့ကိစ္စ​ဆို​ပေမယ့်​...."

"သန်​ဘက်​ခါကွာရှင်း​တော့မှာပါ...အဲ့ဒီလူနဲ့..."

အာ...ရင့်​သီးလိုက်​တဲ့စကားလုံး.....!
"ကွာရှင်း​တော့မယ်​....အဲ့ဒီလူနဲ့..."...တဲ့
သူမ ​ပြောချလိုက်​တာလည်းအဆုံးပါပဲ​။

သူမက....ဆူဟိုကို တကယ်​ပဲ
မုန်းတီးသွားခဲ့တာလား...?

သူမရဲ့ စူးရှ​ရှမျက်​ဝန်းနက်​​တွေထဲမှာ အမုန်း​ရောင်​သန်း
နေတဲ့စိတ်​နာခြင်း​တွေဟာ နာကျည်းခြင်းတွေကိုပါထမ်းပိုး
ထားတာကိုကျွန်​​တော်​မြင်​​နေရတယ်​။

ဒါ​ပေမယ့်​....အဲ့ဒီမျက်​ဝန်းနက်​​တွေရဲ့​အောက်​မှာပဲ
အင်​မတန်​နူးညံ့လွန်းလှတဲ့မျက်​ရည်​ကြည်​​​လေး​တွေ​က
တစ်​ချက်​ချက်​မှာလက်​ကနဲလက်​ကနဲထ​တောက်​လို့​နေ
ကြပြန်​တယ်​။

သူမဟာ ဟန်​​ဆောင်​​နေတာများလား...?

ကျလုဆဲဆဲမျက်​ရည်​​တွေကို အမုန်း ​တွေနဲ့ဖုံးကွယ်​ရင်း
စိတ်​နာခြင်း​တွေနဲ့ဖာ​ထေးချင်​​နေတာလား....?

နွယ်​..sulay FicWo Geschichten leben. Entdecke jetzt