Fantastic Love (အပိုင်း၂)

329 38 0
                                    

CEOအသစ်ကလေး Wuyifanတယောက် Maybelline Companyထဲကို ဝင်သွားသည်နှင့် တပြိုင်နက် Asia Top Modelမှ Modelsတွေအလား တောင့်တောင့်ဖြောင့်ဖြောင့် အလန်းစားမိန်းကလေးများ စီတန်းကာ ဝန်းရံကြိုဆိုလျှက်

"34 24 36 အလှအပ အရပ်အမြင့်က 176 (cm) ကြွကြွရွရွ လမ်းကိုလျှောက် Wow ဒီ modelတသိုက်က ကျနော့်ကို ဘာလို့ထွက်ကြိုနေတာလဲဟင်"

အူကြောင်ကြောင်CEOရဲ့ အမေးကို လက်ထောက် Kaiက သေချာ ရှင်းပြပါတယ်

"Modelတွေ မဟုတ်ပါဘူး CEOရယ် အာ့ ဒီရုံးက ဝန်ထမ်းတွေပါ"

"ဟေ ရုံးကဝန်ထမ်းတွေက အဲ့လောက်လန်းတယ် အဟီး အလုပ်လုပ်ရမှာ ပျော်ထှာ (CEOဣနြေ္ဒနဲ့ လက်ခုပ်ထတီးပါတယ်) ဒါနဲ့ ကျနော့်မှာ စက္ကထရီတော့ လိုမှာပဲလေ သူတို့ထဲက ဘယ်သူက ကျနော့် Secretary လုပ်ပေးမှာလဲ"

"ဗျာ Secretary က သပ်သပ်ရှိပါတယ် သူက---- ဟော ဟိုးမှာ ပြေးလာနေပြီ"

Kaiညွှန်ပြရာ ကြည့်လိုက်တော့ ဂေါ်လီလုံးလေးလို လိမ့်လိမ့်ပြီး ပြေးလာတဲ့ ကောင်မလေးတယောက် ကျက်ဆံမြီး၂ဖက်ကျစ်ပြီး တောတောဆန်ဆန်လေး ဝတ်ထားတာ လူကလည်း ဖြူဖြူလုံးလုံး ပြည့်ပြည့်ဖောင်းဖောင်းလေး သူ့ခမျာ ရုံးချိန်မီရေး အသားကုန်ပြေးလာရပုံပါပဲ Yifanတို့အနားရောက်တော့ မောလို့ဆိုပြီး CEO Wuyifanမှာ ရေခပ်တိုက်လိုက်ရသေး (ပြောင်းပြန်) ထို့ကြောင့် Angrybirdလို မျက်မှောင်ကုပ်ပြီး

"မတရားထှာ အလန်းစားက ၁၀၀ ၂၀၀ ပေါက်ဆီကဖြင့် ၁လုံးထဲ အာ့ ကျနော့်ဆီ ပို့ရလား"

"ဘဲအုပ်က ၁၀၀ ၂၀၀ မဗေဒါက တစ်ပင်ထဲ လုပ်ပါ CEOရယ် သူ့လက်ထက်ရောက်မှ--- နောက်ပြီး KimMinMinက ပုံတုံးသလို နေပေမယ့် တော်ပါတယ်ဗျ ဘွဲ့လက်မှတ် တစ်ထပ်ကြီး ရထားတာ အဲဒါကြောင့်ပဲ သူဌေးမ YiXingက ခန့်ထားတာပေါ့လို့"

"ဟွန့်" (သူဌေးကိုယ်တိုင် ခန့်ထားမှတော့ Yifanက နှုတ်ခမ်းဆူနေရုံမှတပါး ဘာပြောလို့ရမှာလဲ)

---------------------------------

Yifan မိတ်ကပ်ကုမ္ပဏီမှာ CEOအလုပ် ရကတည်းက Modelတွေလို တောင့်တောင့်ဖြောင့်ဖြောင့်တွေထက် မိတ်ကပ်လုပ်ငန်းကို အမှန်တကယ် ကျွမ်းကျင်သူကိုပဲ အသည်းအသန် ရှာဖွေနေပါတယ်
Secretary MinMinဝယ်ပေးတဲ့ ဟော့ပေါ့၃အိုးစာလောက်ကုန်မှ သူလူတယောက်ကို စဉ်းစားမိတော့တယ် ထိုသူက---------

Fantastic LoveWhere stories live. Discover now