Fantastic Love

645 52 0
                                    

သူဌေးကြီး Suho ဟာ စီးပွားရေးလောကမှာတော့ သူမတူအောင် ထူးကဲတဲ့ အတွေးအမြင်တွေနဲ့ ဖန်တီးနိုင်စွမ်းရှိသူဆိုပြီး ကျော်ကြားပါတယ် အဲဒီလို ထူးခြားတာကြောင့်လည်း သူအောင်မြင်နေတာပါ သို့ပေမယ့် ချစ်သူ Xingရှေ့ရောက်ရင်တော့ သူဟာ မသိနားမလည်တဲ့ အချစ်မူကြိုကျောင်းသားလေး ဖြစ်နေပြန်ပါတယ် အချိန်မပေးနိုင်လို့ဆိုပြီး ပါးချိုင့်လှလှ မင်းသမီးလေး စိတ်ကောက်နေပြန်တာကြောင့် သည်းသည်းလှုပ်ချစ်ရသော Suhoကြီးခမျာ နေမထိ ထိုင်မသာ ဖြစ်နေပြန်တယ် သူဌေးစိတ်ညစ်တော့ အနားမှာနေရသည့် စက္ကထရီ Sooနဲ့ လက်ထောက် Kaiလည်း စိတ်ညစ်ရရှာတယ် (အရစ်ခံရတာကိုး) ထို့ကြောင့် သူတို့ပိုက်ဆံမကုန်သည့် အကြံဥာဏ်တွေ (သူဌေးကတော့ ကုန်ချင်ကုန်မှာပေါ့) သူဌေးကို ပေးပါတော့တယ်
"သူဌေးချစ်သူကြိုက်တဲ့ ပန်းစည်းတို့ အရုပ်တို့ လက်ဝတ်ရတနာပဲဖြစ်ဖြစ် လက်ဆောင်ပေးပြီး ချော့ရင်ရော"

"ငါအကုန်လုပ်ပြီးသွားပြီ မရဘူး စိတ်ကောက်နေတုန်းပဲ"

ဘယ်တော့မှ အကြံကောင်းမထွက်တဲ့ လက်ထောက်Kaiလည်း ဝင်ပြောပြန်တယ်

"ပန်းစည်းမပေးပဲ ပန်းသီးပင်ကြီးတစ်ပင် အပင်လိုက်ဝယ်ပြီး လက်ဆောင်ပေးရင်ရော ကမ္ဘာဦး အချစ်သင်္ကေတလေ"

Kaiပြောမှ Suhoလည်း သဘောပေါက်သွားပြီး လက်ဖျောက်တချက် ထတီးကာ

"ဟေ ကြည့်စမ်း ဟုတ်သားပဲ ဒီလောက်ကောင်းတဲ့အကြံ ငါဘာလို့ မတွေးမိပါလိမ့် မင်းတော်တယ် မောင် Kai ပြန်လာရင် ဘောက်ဆူးကောင်းကောင်း ပေးမယ်"

ထိုသို့ပြောကာ ရုံးအလုပ်များကို Sooတို့နဲ့ အကုန်လွှဲခဲ့ပြီး ချစ်သူရှိရာသို့ ရွှင်ရွှင်မြူးမြူးနှင့် ထွက်သွားတော့သည်

တသက်လုံး တလွဲပဲတွေးတဲ့ Kaiလည်း သူဌေးဆီက အမှတ်ကောင်းတွေရလို့ မျက်နှာကြီးက ပြုံးပြီးကျန်ခဲ့တာပေါ့ သူ့အထက်လူကြီးဖြစ်သည့် Sooမှာသာ တလွဲထပ်မဖြစ်ရေး ဆုတောင်းကာ ကျန်ခဲ့ရင်း

---------------------------------

ခုနကအထိ နှုတ်ခမ်းဆူကာ စိတ်ကောက်နေသော Xingသည် သူ့ချစ်သူSuhoပေးသည့် လက်ဆောင်ပန်းသီးပင်ကြီးကိုကြည့်ပြီး ပီတိဖြာနေပါတယ်

Fantastic LoveWhere stories live. Discover now