You're My Owner (A Carer)

41 4 0
                                    

အပိုင်း ၂

နွေရာသီကိုတောင် ရောက်လာခဲ့ပြီ. . .
အခုဆို သူမ ဒီအွန်ဒယ် ဆေးရုံကြီးမှာ နေခဲ့တာ 1 နှစ်ပြည့်တော့မှာပေါ့. .

1 နှစ်
ဘာမှမဟုတ်ပဲ 1 နှစ်တောင် ဖြစ်တော့မှာပေါ့. .

ကုတင်ပေါ်က စားပွဲခုံလေးရဲ့ အပေါ်မှာ ဒိုင်ယာရီ စာအုပ်လေးထဲ ချရေးရင်း အတွေးတွေ လွင့်သွားလေပြီ. . .

* * *

လွန်ခဲ့သော ၉ နှစ်ခန့်က

ကားလေးတစ်စီးသည် ခမ်းနားသော အိမ်ဆောင်ကြီး၏ အရှေ့ဆင်ဝင်အောက်တွင် ရပ်တန့်သွားပြီး. . လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဆင်းလာလိုက်တယ်. .

ကားနောက်ခန်းမှ 8 နှစ်အရွယ်ကလေးမလေး ကတော့ နှစ်ချိုက်စွာ အိပ်မောကျလျက်. .

အိမ်ထဲမှ ကျတ်သရေရှိစွာ လှပတည်ငြိမ်သော ဆံပင်ရွှေအိုရောင်နှင့် အမျိုးသမီး တစ်ယောက် ထွက်လာပြီး ကားပေါ်မှ ဆင်းလာသော သူအား ဖက်၍ နှုတ်ဆက်လိုက်ပြီး. .

"နင့်ရဲ့ အခတ်အခဲတွေကို ကြားပါတယ် Minho ရယ် ဘာတွေဘယ်လို ဖြစ်ရတာလဲ ဆိုတာ ငါ့ကိုရှင်းပြပေးနိုင်မလား. ."

ထိုအမျိုးသမီးက Minho ဆိုသော သူအား ပြောလိုက်တော့ သူတစ်ချက်ပြုံးလိုက်ကာ. .

"နင့်ကို အားလုံးရှင်းပြပေးမှာပါ HyoYeon-ah"

သူတို့နှစ်ယောက် ဧည့်ခန်းထဲကို ဝင်လိုက်ပြီးး မျက်နှာခြင်းဆိုင်ထိုင်လိုက်ကာ. .
အေးဆေးတည်ငြိမ်သော စကားသံနှင့် Minho က စ၍

"ငါအခုလုပ်နေတဲ့ Hotel Project ကို နင်သိလောက်ပါတယ်"

"အင်း ငါသိပါတယ်"

"ငါအခု အတိုက်အခံဖြစ်နေတယ် ငါမြေနေရာ ဝယ်ထားတဲ့ ကျွန်းနေရာက ရေနံထွက်တယ်ဆိုတဲ့ သတင်းတွေရနေတယ်"

"ဘယ်လို?"

"ဟုတ်တယ် ဒီကိစ္စကို ငါကိုယ်တိုင်စုံစမ်းချင် နေတယ် ပြီးတော့. . "

စကားစရပ်သွားကာ သူမအား တစ်ချက်လှမ်းကြည့်လိုက်သော Minho ကို

"ပြီးတော့ ဘာဖြစ်လဲ ဆက်ပြောလေ"

"ပြီးတော့ နင့်အမျိုးသားနဲ့ဆိုရင် ဒီကိစ္စကို ဖြေရှင်းနိုင်မှာ"

"........."

ဝမ်းနည်းမှုတွေ ထင်ဟက်သွားတဲ့ မျက်နှာလေး ပေါ်မှ တဆင့်. . .
ဟုတ်လောက်ပါတယ် Korea ရဲ့ No.1 ရေနံ ကျွမ်းကျင် ပညာရှင်က သူမရဲ့ အမျိုးသားဖြစ်သူ
"Kim Jong In" လေ
ဒါပေမယ့် လုပ်ကြံသူလောဘသားတွေကြောင့် လွန်ခဲ့တဲ့ 5 လခန့်ကပဲ ဆုံးပါးသွားခဲ့ရှာပြီ

"ငါ့မြေနေရာကို လိုချင်နေတဲ့သူတွေက ဒုနဲ့ဒေးပဲ ငါ့အသက်အန္တရာယ်တင်မဟုတ်ဘူး
SeonJae လေးရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တယ် "

"ငါသိပါတယ်"

"ငါ့ကို ကူညီနိုင်မလား HyoYeon-ah"

"ပြောလေ ငါအတတ်နိုင်ဆုံး ကူညီမှာပါ"

"SeonJae လေးကို ခေါ်ပြီး နင်တို့ အဝေးကို ထွက်သွားပေးပါလား"

"ဟင် Wae?"

"ငါ့ကိုငါသိတယ် HyoYeon-Ah ငါဆက်ပြီး ကြာကြာနေနိုင်မှာ မဟုတ်ဘူး"

"မဖြစ်နိုင်တာ သူတို့တွေအာ့လောက်အတင့်ရဲ မှာတဲ့လား"

"လောဘလေ လောဘ နင်တို့ သားအမိရော SeonJae လေးယော အန္တရာယ်ရှိနိုင်တယ်"

"........."

"Jongin ထားခဲ့တဲ့ ရေနံ Project ကြောင့် နင်တို့သားအမိကိုပါ ခြေရာခံမိတော့မယ်"

"ဘယ်လို"

"အင်းဟုတ်တယ် ဒါကြောင့် Korea မြေက နင်တို့အတွက်စိတ်မချရတော့ဘူး HyoRang နင်တို့ အခြားနိုင်ငံမှာ ဇာတ်မြုပ်နေပါ"

"ဒါပေမယ့်"

"နင်ဘာမှ စိတ်ပူစရာမလိုဘူး နင်တို့အတွက် လစဉ် ဘဏ်ကနေပြီး လိုသလောက် အသုံးအနှုန်း ထုတ်ယူနိုင်အောင် ငါလုပ်ထားတယ်"

ကဒ်လေးတစ်ခုကို စားပွဲပေါ်မှ တဆင့် Hyoyeon ရှေ့ကို တွန်းပို့ပေးလိုက်ကာ. .

"SeonJae လေးကို စောင့်ရှောက်ပေးပါနော်"

To Be Continued. . .

" This Is Sunday Special. . See Ya Next Week "

You're My Owner (A Carer)Where stories live. Discover now