You're My Owner (A Carer)

110 6 0
                                    

အပိုင်း ၁

ဖွင့်ဟထားတဲ့ ပြတင်းပေါက်လေးကနေ ပန်းပွင့် ပွင့်ဖတ်လေးများ လေအဝှေ့မှာ တိုးဝှေ့ဝင်ရောက်လာခဲ့တယ်. .
အဖြူရောင် ကုတင်လေးမှာ ထိုင်ရင်း အတွေးနယ်ချဲ့နေသော SeonJae တစ်ယောက် သူမလက်ပေါ်သို့ ပန်းနုရောင် ပန်းပွင့်ပွင့်ဖက်လေးများ ကျလာသော အခါမှ. .

"နွေ. .ကိုရောက်တော့မယ့် အဓိပ္ပာယ်ပဲ. . နွေဦး. . .နွေဦးလေးးးး ခ်ခ်"

သူမပြုံးလိုက်ကာ ကုတင်ပေါ်ကနေ သွက်လက်စွာ ဆင်းပြီး ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်တယ်. .
ထို့နောက် မပြေးရုံတမယ် ခြေလှမ်းများနှင့်အတူ ဝရံတာကို ထွက်လာကာ . .
လေနဲ့အတူ ယိမ်းနွဲ့နေသော ပန်းနုရောင် ပန်းပွင့်လေးတွေက နှင်းကျသည့်အလားး

ကျွန်မရဲ့ ဆံပင်ရှည်ကြီးတွေသာ ရှိခဲ့ရင် လေကြောင့် ယိမ်းလွင့်နေလောက်တယ်.
အခုဆိုရင်တော့ ဆံပင်တွေ မရှိတော့လို့ စွပ်ထားရတဲ့ ခေါင်းစွပ် အဖြူရောင်လေးနဲ့. .
ဖြူဆွတ်ဆွတ် အသားရေနှင့်
ဆေးရုံဝတ်စုံ ကို ဝတ်ဆင်ထားတဲ့ ကောင်မလေးက "Kim Seon Jae" ဆိုတဲ့ သူလေ

အွန်ဒယ် ဆေးရုံကြီးရဲ့ ဘေးမှာ ချယ်ရီပန်းတွေ ဝေနေတဲ့ ချယ်ရီတောကြီးရှိတယ်လေ. .
ဆောင်းအကုန် နွေအပြောင်းရဲ့ နွေးထွေး လေတိုက်ခတ်မှုလေးတွေကြောင့်. . ပန်းလေးများမှာ လေနှင့်အတူ သူမရှိသည့် ဆေးရုံကြီးကို ရောက်လာကြခြင်းဖြစ်သည်. ။

ဝရံတာမှာ လက်တင်လိုက်ရင်း. . .

\\ဒီနေရာမှာတောင် အဲ့လောက် လှနေတာ ချယ်ရီတောကြီးထဲမှာဆို ဘယ်လောက်များ လှလိုက်မလဲ//

#ဂျွီ____ (တံခါးဆွဲဖွင့်သံ)

"SeonJae-ah Oppa ရောက်ပါပြီ"

အသံချိုချိုလေးနဲ့ တံခါးနောက်က ပေါ်ထွက်လာတဲ့ သူကတော့ ဒီကမ္ဘာပေါ်မှာ သူမအားအထားရဆုံး နဲ့ အချစ်ဆုံး Oppa
"Kim Min Jae"
Company က ပြန်လာ လာခြင်း ဆေးရုံကို ဝင်ခဲ့ပုံရတယ်. .
သူရဲ့ ပုံစံက လုံးဝ Gentleman Style လေး ဖြစ်နေတာကို. .
Necktie ကို သပ်သပ်ရပ်ရပ်စီးထားပြီး အနက်ရောင် Fashion နဲ့ သူက ကျွန်မ မျက်လုံးထဲမှာတော့ အချောဆုံး. . .

"Seonjae-ah"

ကုတင်ပေါ်မှာ မတွေ့သော ကောင်မလေး ကြောင့် သူလန့်ပြီး ပတ်ရှာကြည့်ချိန်. .

"ဟော SeonJae-ah လေတွေတိုက်နေတာကို ဘာလို့ အပြင်ကို ထွက်တာလဲကွာ"

ဝရံတာကို ရောက်လာပြီး ပွစိပွစိနဲ့ ပြောနေတဲ့ ကိုယ်တော် ချောလေးကို သူမ နောက်လှည့်ပြီး ပြုံး၍သာ ကြည့်နေရင်းးးးးး

"လေက နွေးပါတယ် Oppa ရဲ့"

"မနွေးပါဘူးကွာ လာပါ အထဲပြန်ဝင်ရအောင်"

Seonjae မျက်နှာလေးကို အပြင်သို့ ပြန်မူလိုက်ပြီး. .

"Oppa"

"အင်း"

"ဟိုးဘက်ခြမ်းက ချယ်ရီတောကြီးကို SeonJae သွားချင်တယ်"

"ဟင် အဲ့ဘက်မှာ ချယ်ရီတော ရှိတာ SeonJae ဘယ်လိုသိတာလဲ" ⊙.⊙

"သူနာပြု Onnie တွေ ပြောပြလို့"

"သြော် Oppa က Seonjae များ သွားတာလားလို့"

"Oppa မပါပဲ SeonJae ဘယ်မှမသွားပါဘူး"

"ဟုတ်ပါပြီ ကဲကဲ အေးလာပြီ SeonJae နေမကောင်းဖြစ်နေမယ် နေမကောင်းဖြစ်ရင် ဆေးခါးကြီးတွေ သောက်ရလိမ့်မယ် လာနော် အထဲဝင်ကြမယ်"

"ဟုတ်" ^_^

လေသံပျော့ပျော့လေးတွေနဲ့ ကျွန်မ နှလုံးသားကို ပျော့ပျောင်းအောင် လုပ်နိုင်တာ သူတစ်ယောက်ပဲရှိတယ်လေ. . .

To Be Continued. . .

( This Is Sunday Special. . See ya Next Week )

You're My Owner (A Carer)Where stories live. Discover now