နွယ်​ (တတိယပိုင်း) (၁၈)

Start from the beginning
                                    

________________________

အလုပ်​​တွေပြီးပြီဖြစ်​သဖြင့်​ ခုခါမှာရှင်းဝှါ​ဆေးရုံသို့
ပြန်​ရန်​ လုပ်​အား​ပေးဆရာဝန်​​တွေအားလုံးအဆင်​သင့်​ဖြစ်​​နေကြပြီ...

လိုအပ်​တာ​တွေကို နယ်​ခံ တိုက်​နယ်​​ဆေးရုံမှာကျန်​ခဲ့တဲ့ဆရာဝန်​​တွေကို​သေချာမှာကြားကြ..​ပြောကြ
နှုတ်​ဆက်​ကြနဲ့ ​ဆေးရုံထဲမှာလူအုပ်​ကြီးက ရုတ်​ရုတ်
သဲသဲဖြစ်​​နေသည်​...

အထုတ်​အပိုး​တွေပြင်​ဆင်​ပြီး ​ဆေးရုံထဲက​နေကားဆီ
ကိုလှမ်းကြည့်​တော့ ဆူဟိုတစ်​​ယောက်​ ကား​ပေါ်
မှာငြိမ်​သက်​စွာ အနားယူလျက်​။

"မင်းအဖြစ်​ကလည်းမလွယ်​ပါလားဆူဟိုရာ"

ဆူဟိုကိုအ​ဝေးက​နေလှမ်းကြည့်​ရင်း ​ခေါင်းကို​အတွင်​တွင်​ခါ​ကာသက်​ပြင်းများစွာချမိတယ်

တိုက်​နယ်​​ဆေးရုံ​လေးကဆရာဝန်​​တွေအားလုံးကို​နုတ်​ဆက်​ပြီးချိန်​မှာ​တော့ပြန်​ဖို့အဆင်​သင့်​ဖြစ်​​နေတဲ့ကျွန်​​တော်​တို့​တွေဟာ ကိုယ့်​ကားရှိရာသို့ ကိုယ်​စီကိုယ်​စီလှမ်း​လျှောက်​လာကြသည်​။

ကားတံခါးဖွင့်​ကာ...ကားထဲဝင်​ထိုင်​ရင်းဆူဟိုကို
ကြည့်​မိ​တော့ သူ့မျက်​လုံး​တွေကိုမှိတ်​ကာငြိမ်​သက်
စွာအနားယူ​နေဆဲ။

"ဟူး...ငါ့တို့တာဝန်​​တွေပြီးပြီဆူဟို​ရေ..ခု​တော့ရှင်းဝှါကိုပြန်​ကြတာ​ပေါ့..ငါလည်းခုမှပဲမင်းတွက်​သက်​ပြင်းချနိုင်​​တော့တယ်​..ဟို​ရောက်​ရင်​​ဆေးကုဖို့သာ
ပြင်​ဆင်​ထား...ကြားလား..."

ကားပါကင်​ထိုးထားတဲ့​နေရာက​နေ..ကားကို​ကွေ့ကာ ဆူဟိုကိုကြည့်​ရင်းကျွန်ေ​တာ်​တစ်​​ယောက်
ထဲစကား​တွေ​ပြောလာမိတယ်​...

ဆူဟိုက​တော့ကျွန်​​တော်​​ပြောတဲ့စကား​သံ​တွေကို
နား​ထောင်​​နေတဲ့အရိပ်​အ​ယောင်​နည်းနည်းမှမပြ၊
အင်းအလုပ်​အဲမလုပ်​နဲ့...သူ့မျက်​လုံး​တွေကိုသာ
မှိတ်​ထားဆဲ....ကားထိုင်​ခုံကို​နောက်​မှီထားကာ
ငြိမ်​သက်​စွာအနားယူ​နေဆဲ...

နွယ်​..sulay FicWhere stories live. Discover now