Rival 1

12.5K 722 46
                                    

Rival's owner
Rival 1
[Z]

"Hey Baek Shweaty "

~တောက် ~

"ဟားးးဟားးး အမလေး ကြောက်ထှာ ချစ်လေးရယ် ကိုယ်တို့က ချစ်လေးကို ချစ်လို့စတာပါကွာ ဟားဟား ငါတို့ Byun Baek လည်း စိတ်ကောက်တတ်သားနော် huh!"

ဒါပါဘဲ ကျတော်ရဲ့ ဘဝပါဘဲ ။ ကျတော်ရဲ့ ဘယ်နေရာကများ လိုအပ်ချက်တွေ ရှိနေလဲ ။ ယောကျာ်းချင်း အတူတူကို နှိမ့်ချခံဘဝ ၊ အခြောက်လို့ အပြောခံရတဲ့ ဘဝဟာ ဘယ်လောက် မကြေမချမ်း ဖြစ်စရာကောင်းလဲ ။

~~~ကျတော် အခြောက်မဟုတ်ဘူး~~~

ဒီနေရာဟာ ယောကျာ်းလေး ကျောင်း ။ ကိုရီးယား တစ်နိုင်ငံလုံးက မိဘတွေ သူတို့သားတွေကို အတတ်စေချင်ဆုံး အတော်ဆုံး Top Ten ဝင် ကျောင်းတစ်ကျောင်း ။ ဒီလို ကျောင်းမျိုးမှာ ဒီလို ကိစ္စတွေ ရှိလိမ့်မယ်လို့ ဘယ်သူထင်မလဲနော် ။ ဒါပေမဲ့ ဒါမျိုးတွေက ဒီလိုကျောင်းမျိုးတွေမှာ ဖြစ်နေကြ ရှိနေကြ ကိစ္စတွေပါဘဲ ။

တစ်ခါတစ်လေကျရင် မေ့မေ့ကို အားမလို အားမရ ဖြစ်မိရဲ့ ။ မေမေရယ် သားကို ဘာလို့ ဒီလို မိန်းကလေးဆန်ဆန်မွေးခဲ့ပါလိမ့်နော် ။ ဘာလို့ သူတို့ သူတို့ပြောနေကျ ကျတော့်ရဲ့ လက်တွေ ကျတော့်ရဲ့မျက်နှာ ကျတော့်ရဲ့ ခန္ဓာကိုယ် တွေဟာ သူတို့နဲ့ မတူဘဲ ဒီလို ဒီလို ဖြစ်နေရတာလဲ ။

အဲ့ဒီလို အားမလို အားမရမေးလာတဲ့ အခါ မေမေက ပြောရဲ့ "သားရယ် သားလိုမျိုး နုနုထွတ်ထွတ် ချောချောလှလှလေး ဖြစ်ဖို့ မေမေဟာ သူမတူအောင် ပျိုးထောင်ခဲ့ရတာ ။ အဲ့ဒီ့ပြောနေတဲ့ လူတွေကို ကြည့်လိုက်ပါ သား ။ သားလို ဖြူစင်တဲ့ မျက်နှာချောချော ၊ သားလို လက်လှလှလေးတွေ ၊ သားလို နှုတ်ခမ်းလှလှတွေ မှ ရှိကြရဲ့လားလို့ " တဲ့လေ။

"ဟေ့ Sehun မင်း ဒီမှာကြည့်စမ်း ဟိုဘက် မိန်းကလေး ကျောင်းက Queen ကို လိုက်မဲ့အစား ငါတို့ရဲ့ Queen ခွေးပေါက်လေးကို လိုက်ပါလားလို့ "

ပြောနေတဲ့ သူတို့ အဖွဲ့ကို ဒေါသနဲ့ လှမ်းကြည့်တဲ့အခါ သူတို့ပြောတဲ့ Sehun ဆိုတဲ့ တစ်ယောက်က လမ်းကို တစ်လှမ်းချင်းလျှောက်ရင်း မဲ့ပြုံးတစ်ချက် သူ့ရဲ့ အဲ့ King ဆိုတဲ့ ရုပ်လေးနဲ့မှ မလိုက် မျက်နှာမှာ ဆောင်လိုက်တယ် ။

Rival's Owner  ||Completed||Where stories live. Discover now