အိမ်တံခါးဖွင့်လိုက်တော့ အခန်းက မနေ့ညက ကျန်ခဲ့တဲ့အတိုင်းခြေရာလက်ရာမပျက် ရှုပ်ပွဆဲ။ သူက ကြမ်းပြင်ပေါ်ကျနေတဲ့ ဘီယာပုလင်းတွေ ကောက်သိမ်းပြီး အမှိုက်တွေ လွှင့်ပစ်ဖို့ လုပ်ရင်း ကြက်ကြော်တွေကို ပါ အမှိုက်ပုံးထဲ ည့်ဖို့ လုပ်လို့ ပြန်ဆွဲယူရသည်။
"ပြန်ကြော်လိုက်ရင် အကောင်းကြီးရှိသေးတယ်။ ပိုက်ဆံ မဖြုန်းနဲ့။"
ကြက်ကြော်ကို ရေခဲသေတ္တာထဲ ပစ်ထည့်လိုက်ပြီး မျက်နှာ သစ် သွားတိုက် အခန်းထဲဝင် အင်္ကျီလဲ။ ရှုပ်ပွနေတဲ့ မှန်တင်ခုံပေါ်ရှင်းဖို့ကြည့်လိုက်တော့ ဘူးလေးတစ်ဘူး။ ဖွင့်ကြည့်လိုက်တော့
"Song Mino!"
သူမ အော်ခေါ်သံကြောင့် ဆိုဖာပေါ်မှာ လှဲပီး TV ကြည့်နေရာကနေ သူခေါင်းထောင်ကြည့်သည်။
"ဒါ နင် ဘယ်က ရလာတာလဲ။"
သူမ က ပလက်တီနမ်နဲ့ စိန်ကွင်းထားတဲ့ လက်စွပ်လေးကို သူ့ရှေ့မှာ ထောင်ပြပြီးမေးတော့ သူက ဘာမှပြန်မဖြေ။ ဒီလက်စွပ်က သူမ ရည်းစားဟောင်း သစ္စာဖောက် လောက်ကောင် ပေးခဲ့တဲ့ ချစ်သက်လက်ဆောင်။ မနေ့ကတင် အိမ်လခအတွက် အပေါင်ဆိုင်မှာ ရတဲ့ ဈေးနဲ့ သူမရောင်းလာတာ။ အခု ဒီလက်စွပ်က ခြေထောက်ပေါက်ပြီးတော့ တော့ အပေါင်ဆိုင်ကနေ အိမ်ကို ပြန်ပြေးလာစရာ အကြောင်းမရှိ။
"ပြောလေ။"
သူမက လက်စွပ်ကို သူ့မျက်နှာရှေ့ထိုးပြရင်း ဇွတ်မေးတော့ သူ စိတ်ရှုပ်သလို သူမလက်ကို ရီမုဒ်နဲ့ ရိုက်ထုတ်လိုက်ပြီး
"နင်ပဲ နင့်အကောင်ပေးထားတဲ့ စေ့စပ်လက်စွပ်ဆို။ တန်ဖိုးထားလှချည်ရဲ့ဆို။ တော်ကြာ ပျောက်နေမှ နင့်အကောင်က ပါးချနေမယ်။"
သူရဲ့ ပေကပ်ကပ်အပြောနဲ့ ဂျစ်တူးတူး အကြည့်ကို ကြည့်ရင်း စချင်လာတာနဲ့။ သူ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး
"ငါပိုက်ဆံလို လို့ ရောင်းလိုက်တာဆို ငါ့ရည်းစားက ခွင့်လွှတ်ပါတယ်။ သူ့အတွက် လက်စွပ်တကွင်းဆိုတာ မဖြစ်စလောက်ရယ်။ ငါနဲ့ လက်စွပ်နဲ့ဆို ငါက သူ့အတွက်ပိ တန်ဖိုးရှိတဲ့ဟာ။ ဘာမဟုတ်တာလေးနဲ့ ငါ့ကို ထိမလား။"
BINABASA MO ANG
*Pricked * ( ZG + UNI )
FanfictionSomething New, Something Blue, Not like usuals what u have ever seen Mino x OC Exclusively @ Kpop Fanfics Myanmar
