အပိုင်း ၎

Beginne am Anfang
                                    

" အန်တီက အိမ်ထောင်ဖက်တွေ့ပေးမလို့ KyungSoo ကို "

မှန်တာပေါ့ အဓိပ္ပါယ်မရှိဘဲ ဒီမေးခွန်းမမေးဘူးဆိုတာ  အသက် ၂၅ ဝန်းကျင်သာရှိသေးသော ယောက်ျားလေးတစ်ယောက်ကို အိမ်ထောင်ချပေးဖို့ မစောလွန်းဘူးလား ဆိုပြီး အရင်က KyungSoo မိဘတွေ ပြောခဲ့တာရှိပေမယ့် KyungSoo ငြင်းပယ်ခဲ့တာချည်း။အခုက Jongin အမေဆိုတော့  ပြောရအခက်သားလေ။

" ကျွန်တော် ကျောင်းမပြီးသ၍ မစဉ်းစားဘူးလို့ ဆုံးဖြတ်ထားလို့ပါ အန်တီ "

အလိမ္မာဆုံး အယဉ်ကျေးဆုံး ဆင်ခြေဖြင့်သာ KyungSoo ငြင်းပယ်မိသည်။သူ အိမ်ထောင်ဖက်တွေ့ရန် လုံးဝစိတ်ကူးမရှိပါ။

" အခု ချက်ချင်းမဟုတ်ပါဘူး KyungSoo ရဲ့ ကျောင်းတွေပြီးသွားမှပါ အန်တီတွေ့ပေးမယ့် ကောင်မလေးကလဲ  ကျောင်းမပြီးသေးပါဘူး  အန်တီ့ တူမဝမ်းကွဲလေးပါ  အန်တီက  KyungSoo တို့နှင့်ဆွေမျိုးတော်ချင်တာ သမီးရှိရင် ပေးစားတာကြာပေါ့  "

အဲ့ဒါဆိုလဲ သားနဲ့သာ ပေးစားလိုက်ဗျာဟု KyungSoo စိတ်ထဲအချဉ်ပေါက်စွာတွေးမိလိုက်လေသည်။အမေတို့မျက်နှာကြည့်တော့လဲ သားဖက်က ငြင်းပေးဖို့ဝေးစွ ဆွေမျိုးတော်ရမှာဟူသော အတွေးက KyungSoo မိဘတွေကို ဆွဲဆောင်နေခဲ့သည်ထင်ပါရဲ့။အချစ်ဆုံးသူငယ်ချင်းတွေ့မို့ အရင်းနှီးဆုံးဖြစ်ချင်နေကြသော သူတို့နှစ်မိသားစုအတွက် အဓိက  ကKyungSoo ဖြစ်နေသလိုပင်။

" သားကို ဒီအတိုင်း အမေတို့ကပြောပြထားတာ ကောင်မလေးက Londonမှာလေ ကျောင်းပြီးရင် ဒီကိုပြန်လာအခြေချမှာအဲ့တော့မှသာ ထပ်ဆွေးနွေးကြတာပေါ့ သားလဲစဉ်းစားလို့အချိန်ရတယ်လေ နော် "

အမေ့ရဲ့ ချော့မြူသလို အပြောနဲ့ Jongin အမေရဲ့ မျှော်လင့်သလိုအပြုံး တွေအောက်မှာ KyungSoo ငြင်းဆန်နိုင်ခွင့် လျော့ပါးနေလေသည်။မသေချာသည့် တစုံတခုအားမျှော်လင့်နေမိသည့် စိတ်တွေနှင့် KyungSoo ရင်ထဲ တင်းကျပ်မှုတို့ပိုတိုးလာသည်။ပို၍ ရှုပ်ထွေးစေမှာလား။ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောလမ်းစလား ခုချိန် KyungSoo မတွေးနိုင်သေးပါ။သူတွေးမိသည်က Jongin သူ့ကိုစောင့်နေတော့မည်။

FRIENDWo Geschichten leben. Entdecke jetzt