*****Part 7 ******

Start from the beginning
                                    

~ ဘာလို့ မလာတာလဲ ဒီ​နေ့ ဘာလို့ မလာတာလဲ

ဆိုပြီး သူ​မေးလိုက်​​တော့

~ အိမ်​မှာ ဒီ​နေ့ သူငယ်​ချင်း ​တွေနဲ့ ညစာ ချက်​စား မလို့

~ ငါလာခဲ့မယ်​ ငါ​ရော လာခဲ့မယ်​​လေ

Aishhi ..Kim Jongin ​ပြောမိ ​ပြေရာ ​ပြောပြီးမှ သူ့ပါးစပ်​ သူ ပြန်​ပိတ်​လိုက်​သည်​ " ခင်​ဗျားက က​လေး​တွေနဲ့ ဘာလုပ်​ မလို့လဲ " ဆိုပြီး ပြန်​​မေး​နေမှ သူ အ​ဖြေ ရကျပ်​နေမှာ အို ဒါ​ပေမယ့်​ ကြို
ိုက်​မရှက်​ ငိုက်​မရှက်​ ဆိုတာကလည်း ရှိ​သေးတာဘဲ Jongin ဟိုဘက်​က Kyung Soo ဆီက ထပ်​ပြီး ဘာသံ မှ မကြားရတာမို့

~ လာခဲ့မယ်​​လေ လာခဲ့မယ်​​နော်​ ဘယ်​အိမ်​လာရမှာလဲ ဆိုပီး သူထပ်​ခါ ​ပေး​တော့မှ

~ မြို့ပြင်​ ဘက်​နားက Omma ရဲ့ ခြံကို ..ခင်​ဗျား မလာတတ်​​လောက်​ဘူး ကျွန်​​တော်​ အခု ၁၀ မိနစ်​​နေရင်​ လာ​ခေါ်မယ်

Kyung Soo ဆီက လာ​ခေါ်မယ်​ ဆိုတဲ့ အ​ဖြေ ကြားရ​တော့ Jongin တစ်​​ယောက်​ Yessss ဆိုပြီး ​အော်​ပြီး ခု​တင်​​ပေါ် ပစ်​လှဲ ပစ်​လှဲပစ်​လိုက်​သည်

ပြီး​တော့မှ သူ့ရဲ့ပြုံး​နေတဲ့ မျက်​နှာကို အချို ပြန်​သပ်​ရင်း ဘီဒို ထဲက တီရှပ်​ ဂျင်းပြာ နုနု ​လေးနဲ့ ကွာ တ​ဘောင်းဘီ အပြာ​လေးကို လဲဝတ်​လိုက်​သည်​ ဆံပင်​​တွေကို​တော့ ခါတိုင်း လို ဂျယ်​​တွေနဲ့ ပိပြား​နေ​အောင်​ မဖီး​တော့ဘဲ နှဖူး ​ပေါ်မှာ ဒီအတိုင်းဘဲ ဖွကာ ချထားလိုက်​သည်​ သူအကြိုက်​​ဆုံး ​ရေ​မွှေး​လေး တစ်​ချက်​စွတ်​ကာ I phone 6 plus ​​လေး ယူ ဂျာကင်​ယူပြီး ​အောက်​ဆင်းကာ အပြင်​ ထွက်​လာခဲ့သည်

အိမ်​က သူ့ညီမ က​တော့ သူ့ကို အမြင်​ကတ်​စွာ​ကြည့်​ပြီး  ​မျက်​​စောင်း​တွေ ထိုး​နေတယ်​​လေ

သူ ၁၀ မိနစ်​  ​လောက်​ ရပ်​​စောင့်​ အပြီး မှာ​တော့ ခြံ​ရှေ့ကို ပြိုင်​ကား အပြာ​လေး အသာ ထိုးရပ်​​တော့ Jongin အ​ပြေး​လေး သွားလိုက်​သည်​ သူ့ အဖြစ်​ကချစ်​သူ ​ကောင်​မ​လေး က သူ့​ကောင်​​လေး လာ​ခေါ်မှာကို ​စောင့်​​နေတဲ့ပုံစံမျိုးပင်

Cheer Up!Teacher JongWhere stories live. Discover now