Something You Need to End (Taoris)
"စမ်းကြည့်မလား.... ?"
သူ့နှုတ်ခမ်းမှလေတို့သည် Tao၏ နားအေးစက်စက်ထဲ အလုအယက်ဝင်ရောက်နေသည်.
"မင်းသား ...."
Tao ထိုနေရာတွင်ဆက်မရပ်နိုင်တော့ဘဲ ဒူးများချောင်ကျလာကာ လဲပြိုကျသွားတော့သည်.
"ဟားဟားဟားဟား ......"
အရမ်းသဘောကျသွားပုံရပါသည်.သူ့မျက်နှာတွင်အမျိုးအမည်မသိသော လင်းလက်မှုတစ်ခုကို Taoမြင်တွေ့နေရသည်.
"ရပြီ ...လက်ဝှေ့ထိုးစားခိုင်းဖို့တော့အဆင်ပြေနေပါပြီ.."
ရယ်နေရင်းနှင့်နှုတ်ခမ်းတို့ကပြန်လည်ဖြောင့်မတ်သွားပြီးလျှင်သူစိတ်ဆိုးသည့်အခါလုပ်တတ်သည့်မျက်မှောင့်ကျုံ့မှုကထင်ရှားစွာပေါ်လာသည်.
"ငါ မင်းကို ငယ်ငယ်လေးထဲက အဘေးအပင်မှန်သမျှမခိုင်းတယ် .တစ်နေ့နှစ်ကြိမ် တောင်တက်လမ်းမှာရေပုံးထမ်းပြီးပြေးရတယ် .. ဒါတောင်မင်းခန္ဓာကိုယ်က ထင်ထားသလောက်မကြံခိုင်ဘူးလား? ဘာမဟုတ်တာလေးလုပ်ရမယ်ပြောတာနဲ့ ...ခွေကျတဲ့အထိဖြစ်ရလား? ယောက်ျားမဟုတ်ဘူးလား ဟမ်?"
..သေချာတာကတော့ သူခွေလဲကျခြင်းသည် လက်ဝှေ့,အပျော်မောင် စတဲ့အလုပ်တွေလုပ်ရမယ်ပြောခြင်းနဲ့မပတ်သတ် .နားဖျားကိုထိလုတော့မတတ် နှုတ်ခမ်းတွေရယ် ,ပြီးတော့ လေငွေ့နွေးနွေး .. ပြီးတော့ တုန်လှုပ်နေသောရင်ဘတ် .. အဲ့ဒါတွေကြောင့်ပါ ...
ဘယ်ကလာ အဲ့အလုပ်တွေကြောင့်ဖြစ်ရမှာလဲ?
"လက်ဝှေ့ထိုးဆိုလဲ ထိုးပါ့မယ် ..ကျွန်တော် ယောက်ျားပါ .ကျွန်တော် အဲ့လောက်မပျော့ညံ့ပါဘူး ...မင်းသား"
Taoသည် ယောက်ျားမာနကိုထိပါးလာမည့်သူ့စကားသံတွေကိုဆက်မကြားနိုင်တော့သည့်မို့ မြန်မြန်ဆန်ဆန်ပင် ပြောချလိုက်သည် ...
YOU ARE READING
Something You Need To End
Fanfictionအရာအားလုံးကိုစတင်ခဲ့သူမှာ သူသာဖြစ်၍ ထိုအရာအားလုံးသည် ပြီးဆုံးရန်မဖြစ်မနေလိုအပ်ခဲ့မူ အဆုံးသတ်ပေးရမည့်သူသည် သူမှလွဲ၍ အခြားမရှိပြီ ..... (Taoris)
