"ဘယ်လိုလည်း suho ရ ပင်ပန်းနေပြီလား"
ခွဲခန်းထဲကနေ အားအင်ချိနဲ့တဲ့ခြေလှမ်းများနဲ့
ထွက်လာခဲ့တဲ့ suho ကိုအနောက်မှလှမ်းမြင်နေသောဒေါက်တာချာ ကအော်၍ပြောလိုက်ချင်းပင်...."အာ...ဟုပဗျာ...ခွဲခန်းထဲမှာအချိန်တော်တော်ကြာသွားတယ်...လူနာကတော့ခွဲစိတ်
တာအောင်မြင်သွားပါတယ်..ဟူး...မလွယ်ဘူး
ဒေါက်တာချာရေ ဆရာဝန်ဘဝက"ကျွန်တော့်အပြောကို ဒေါက်တာချာက သဘောကျစွာရီရင်း
"သိပ်လည်း ညည်းမနေနဲ့အုံး suho ရေ..ညနေကျရင် အစည်းဝေးရှိသေးတယ်"
"ဗျာ..ဟား...ဒီနေ့ကတော့ ဒိုင်စားတဲ့နေ့ပါလား နားချိန်တောင်မရှိဘူး အော်..ဒါနဲ့ ဒေါက်တာချာထမင်းစားပြီးပြီလား..မစားရသေးရင် ထမင်းစားဆောင်ကိုတူတူသွားရအောင်"
"မစားရသေးဘူး..suho ရ..သွားမယ်လေအာ့ဆို..မင်း ရုံးခန်းမဝင်တော့ဘူးလား"
"ဟင့်အင်း..မဝင်တော့ဘူးလေ..တစ်ခါထဲပဲ
ထမင်းစားဆောင်ကိုတန်းသွားတော့မယ်
ကျွန်တော် တော်တော်လေးဗိုက်ဆာနေပြီ""အဟား..မင်းကတော့အလောသုံးဆယ်ပါပဲ
Ok ok အာ့ဆိုလည်းတန်းသွားကြတာပေါ့"_______________________
ခရီးဆောင်အိတ်ကို လက်ဖဝါးမှာသွေးများရဲ
တက်လာသည်အထိကျစ်ကျစ်ပါအောင်ဆုပ်
ကိုင်ရင်း နှင်းဆီပင်တွေရဲ့အရှေ့မှာ အချိန်တော်
တော်ကြာကြာခြေစုံရပ်လျက် ....Xing .....ခြေလှမ်းတွေဟာ ဒီအိမ်ခြံဝင်းလေး
ထဲကနေအပြင်ဘက်ကို ထွက်သွားဖို့အတွက် ခုချိန်ထိကို မစွမ်းသာနိုင်ခဲ့ဘူး..
ထွက်သွားသင့်မသွားသင့်ကိုစဉ်းစားနေတာဟာ
ခုထက်ထိဦးနှောက်ထဲမှာ တိကျတဲ့အဖြေတစ်ခု
ကိုမရှာနိုင်သေးဘူး...ခြေထောက်တွေထဲကိုအားထည့်ပြီး
လျှောက်လာတယ်...ခုဒီခြေတစ်လှမ်းဟာရှေ့
ကိုလှမ်းလိုက်ပြီဆိုတာနဲ့...သူနဲ့ပတ်သတ်သမျှ
အရာအားလုံးဟာ..xing နဲ့ဘာမှမသက်ဆိုင်တော့ဘူး...စီးထားတဲ့အနီရောင်ဒေါက်ဖိနပ်လေးက မနက်ခင်းရဲ့နှင်းရည်စက်တွေအောက်မှာအအေးဒဏ်ကိုကြံ့ကြံ့ခံပြီး xing ခြေလှမ်းတွေကိုမညည်းမ
ညူပဲနဲ့သယ်ဆောင်ပေးနေရှာတယ် ဒါပေမယ့်
လေ နောက်ဆုံးခြေတစ်လှမ်းကိုတော့ဒေါက်ဖိနပ်လေးသယ်ဆောင်ရခက်နေတဲ့ပုံ...
![](https://img.wattpad.com/cover/57838935-288-k671032.jpg)
YOU ARE READING
နွယ်..sulay Fic
RandomSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...