^ အိပ်​ရာ​ပေါ် ကိုယ်​ လိုက်​ပို့​ပေးရမလား ^

^ ဟင့်​အင်းးးး ​ရေချိုး​ပေး ... ၀ှါးးး .. ပါလား ^

^ Haha ကို့ကို ကြည့်ပါဦး ငပျင်း​လေးရဲ့ ^

ပြောစကား​တော့ နား​ထောင်​ပါရဲ့
မျက်​လုံး မဖွင့်​ဘဲ ​မော့်​ကြည့်​လာသည်
ပန်း​​ရောင် ​နှုတ်​ခမ်း​လေးကို ပြွတ်​ခနဲ နမ်းလိုက်​မိ​တော့
/တပြွတ်​ပြွတ်​/နဲ့ ကျ​နော့်​ကို
ဇွတ်အတင်း ​​လိုက်​နမ်း​နေ​တော့တာပဲ

အေးပါကွာ ​​​ချောက်​ခေး​လေး ^◡^
က​လေး အလိုကျ အကုန်​ လုပ်​​ပေးရ​တော့မှာပေါ့
က​လေးဆိုးကြီးကိုမှ သွားချစ်​မိတာကိုး

♡ ♡ ♡ ❀ ❀ ❀ ♡ ♡ ♡

ရေချိုးခန်း ထဲက ထွက်​လိုက်​တာနဲ့
အ​သေအချာ နိုးသွားပုံရတဲ့ သမင်​တစ်​​ကောင်
အော်​ဟစ်​​နေ​ချေပြီ

^ ကိုကို!!!! ဘာလို့မနှိုးတာလဲ???
မနက်​ဖြန်​ Assignment တင်​ရမှာပါဆို!!!
ဆရာ Kris က အရမ်းပဲ ကြမ်းတာ
ကျ​နော်​​ အဆူခံရ​တော့မယ်
ကောင်​မ​လေး​တွေ ​ရှေ့မှာ
အဲ့ဒါ ကိုကို​ကြောင့်​ !!! ^

^ ကို့ကို နှိုးဖို့ Lu ​ပြောထားလို့လား
ဒေါင်းဇား​လေးရဲ့ ^

^ သိပူးကွာ စာလုပ်​​မယ်
စားပွဲခုံ ရှင်းထား​ပေး ^

^ okie ^

ဆောင့်​​ဆောင့်​​အောင့်​​အောင့်​ ခိုင်း​တာကို
စိတ်​ထဲ သိပ်​မကြည်​​သော်​လဲ
ချာတိတ်​​လေး အလိုကျ လုပ်​​ပေးလိုက်​တယ်
ထုံးစံအတိုင်း ကျွဲ​ကော်​ကိုင်း မျက်​မှန်​ တကားကားနဲ့
စာအုပ်​​တွေ စာရွက်​​တွေ စတင် ​လှန်​​လှောပါပြီ

ကျ​နော်​လဲ အလုပ်​​တွေ လုပ်​ရဦးမယ်
Laptop ဆင်​တူ ၂လုံးနဲ့ မျက်​နှာချင်းဆိုင်​ ထိုင်​ကာ
ကိုယ့်​အလုပ်​ကိုယ်​ လုပ်​​နေရတာ​ပေါ့
ဆင်​တူဆို
့သူ့ Laptop ကိုလဲ ကျ​နော်​ ၀ယ်​​ပေးထားတာပဲ​လေ
ဒါ​ပေမယ့်​ wallpaper က​တော့
ကျ​နော့်​အတွက်​ သူ ဖြစ်​​ပေမယ့်
သူ့အတွက်​က​တော့ ကျ​နော်​ မဟုတ်​တဲ့
ကောင်​မ​လေးတစ်​​ယောက်​ပုံပါ
တခါတ​လေ ကိုယ်က ချစ်သ​လောက်
သူက ဂရု​တောင်​ မစိုက်​လို့
၀မ်းနည်းမိ​​သော်​လဲ
ငယ်​သူမို့ သည်းခံ ​ပေးရမည်​ မဟုတ်​ပါလား

Oh My Deer ~♥~ Completed Where stories live. Discover now