တဖြည်းဖြည်းနဲ့ သူ့မနုတ်ခမ်းလေးနဲ့ ကျွန်တော့်ရဲ့လက်
ထိတွေ့ဖို့ ကြားထဲမှာဘယ်လောက်မှမလိုတော့ဘူး..
သူမနုတ်ခမ်းနားမှာ ဝဲနေတဲ့ကျွန်တော့်ရဲ့လက်တစ်စုံဟာလိပ်ပြာတစ်ကောင်လိုပါပဲ...အရှိန်ပြင်းစွာပျံသန်းသွားလိုက်..အနောက်ကိုပြန်ဆုတ်သွားလိုက်နဲ့ မိန်းမတစ်ယောက်ရဲ့ နုတ်ခမ်းထက်မှာ ဗျာများလို့နေနေရတယ်"ဟူး.............................
တော်ပြီကွာ...စိတ်မောရတယ်...ငါ့နှယ်တကယ်ပဲ"
စိတ်ထဲကနေ အားမလိုအားမရဖြစ်လာ
တာကြောင့်စိတ်ထဲမှာ ရေရွတ်ရင်း ကိုယ့်ကိုကိုယ်
အပြစ်တင်ပလိုက်တယ်..xing ဘေးနားမှာထိုင်နေရင်း
နဲ့ပဲ မျက်ဝန်းများမှိတ်ကာ သူငြိမ်သက်စွာထိုင်နေလိုက်
တယ်...."ဟင်...ရှင်ပြန်ရောက်နေပြီ"
အံ့သြမှုတွေနဲ့ထွက်ကျလာခဲ့သူမရဲ့စကားသံက ပျော်ရွှင်
မှုတွေ စွတ်နေလို့ အသံလေးက ရွှင်ပြပြလေးဖြစ်နေတယ်....xing အသံလေး ကိုရုတ်တရက်ကြားလိုက်တာကြောင့်
မှိတ်ထားတဲ့ suhoရဲ့မျက်လုံတွေတဖြည်းဖြည်းချင်းပွင့်
လာခဲ့တယ် သူမရှိရာဘက်ကိုလှည့်ကြည့်လိုက်တော့
အိပ်ရာနိုးကားစကလေးတစ်ယောက်လို အိပ်မှုန်စုန်မွား
ဖြစ်နေတဲ့သူ့မျက်နှာလေးက ချစ်ဖို့ကောင်းလွန်းတယ်ဝိုင်းစက်စက်မျက်ဝန်းများနဲ့ကျွန်တော့်ကိုစိုက်ကြည့်နေပြီး...
"ဟီး....."...........
လို့..အသံထွက်အောင်ရီရင်း ပြုံးပြလို့နေတယ်။
ဒီကောင်မလေးကြောင့်နဲ့ငါတော့ရူးတော့မယ်
တစ်နေ့လုံးမတွေ့ရလို့လူကအရူးတပိုင်းဖြစ်နေခဲ့တာ
ကို သူမကတော့ဘယ်သိနိုင်ပါ့မလည်းလေ..သူ့ကိုမတွေ့ရလို့ စိတ်မကြည်ရတဲ့အထဲ ခုသူက ပြုံးဖြဲဖြဲလာလုပ်
ပြနေတယ်...ကျွန်တော်လည်းသူ့ကိုလှည့်ကြည့်ပြီး
ခက်တည်တည်အမူအယာနဲ့ သူ့ကိုပြန်အော်လိုက်တယ်"yah....ဒီနေ့တစ်နေ့လုံးမင်းဘယ်သွားနေတာလည်း
မနက်ကတည်းကရင်းပျောက်နေလိုက်တာ..ဖုန်းဆက်တော့လည်း မင်းဖုန်းကတောက်လျှောက်ဖုန်းပိတ်ထားတယ်ပဲဖြေနေတာ...ဘာမပြောညာမပြောဘဲနဲ့
ဘာလို့သွားရတာလည်း.."
![](https://img.wattpad.com/cover/57838935-288-k671032.jpg)
DU LIEST GERADE
နွယ်..sulay Fic
SonstigesSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...
နွယ် (တတိယပိုင်း)(၇)
Beginne am Anfang