Part2

7.8K 610 5
                                    

Chanyeol​ကျောင်းက​ပေးလိုက်​​သောအိမ်​စာများလုပ်​​နေတုန်းနာရီတချက်​လှမ်းကြည့်​လိုက်​သည်​....

ည၁၂နာရီခွဲ​ပီပဲ....ဒီအချိန်​အထိhyungပြန်​မလာ​သေးပဲဘာလုပ်​​နေပါလိမ့်​...

ထိုစဉ်​အိမ်​​ရှေ့မှဆူဆူညံညံကားသံ​တွေ​ကြောင့်​Chanyeolအပြင်​ထွက်​ကြည့်​လိုက်​သည်​...အိမ်​​ရှေ့တွင်​ရပ်​ထား​သောကားနှစ်​စီး ...တစီးကhyungကားပါ...​နောက်​တစီးက​တော့သူ့သူငယ်​ချင်း​တွေထင်​တယ်​...
ကား​ပေါ်ကသူ့သူငယ်​ချင်း​တွေကိုနှုတ်​ဆက်​ရင်းhyungယိုင်​တိယိုင်​တိုင်​နဲ့အိမ်​ဘက်​ကို​လျှောက်​လာတယ်​....

Chanyeolအမြန်​​ပြေးသွားလိုက်​ရင်းအိမ်​တံခါးဖွင့်​ကာhyungကိုတွဲ​ခေါ်လိုက်​​တော့အရက်​နံ့ကစူးခနဲ.....သူ့သူငယ်​ချင်း​တွေနဲ့Partyမှာ​သောက်​လာတယ်​ထင်​တယ်​..

Kris ရီ​ဝေ​နေ​သောမျက်ဝန်းများဖြင့်​Chanyeolကိုကြည့်​လိုက်​ရင်းပါး​လေးကိုရွှတ်​ခနဲလှမ်းနမ်းလိုက်​သည်​...

"က​လေး...."

hk...hyungမူး​နေတာ​သေချာတာ​ပေါ့..ကျွန်​​တော့်​ကို က​လေး တဲ့...​ခေါ်လိုက်​တဲ့​လေသံကလည်းဖ​ယောင်းလို​ပျော့​ပျောင်းညင်​သာလွန်းပါတယ်​...ပီးရင်​အနူးညံ့ဆုံးအပြုံး​တွေ..အခန့်​မသင့်​ရင်​အကြင်​နာဆုံးအနမ်း​တွေပါ​ပေးလိမ့်မယ်​ထင်​တယ်​...ဒါ​တွေကအထူးအဆန်းမဟုတ်​ပါဘူး...hyungမူးလာရင်​ကျွန်​​တော့်​ကိုအဲ့လိုပဲကြင်​ကြင်​နာနာဆက်​ဆံ​နေကျ​လေ.....

Hyungကိုတွဲရင်းကုတင်​​ပေါ်အသာလှဲအိပ်​​စေလိုက်​တယ်​...ပီး​တော့မှကုတင်​​ခြေရင်းသွားကာhyungဝတ်​ထားတဲ့​ခြေအိတ်​​တွေချွတ်​​ပေးလိုက်​တယ်​...
Hyungအိပ်​ဖို့​သေချာပြင်​ဆင်​​ပေးပီးအခန်းထဲကထွက်​ဖို့လုပ်​လိုက်​တယ်​..ဟုတ်​တယ်​​လေ...ကျွန်​​တော်​ဒီအခန်းထဲမှာပြန်​အိပ်​ခွင့်​မှမရ​သေးတာ..အပြင်​ကဆိုဖာ​ပေါ်မှာပဲဖြစ်​သလိုအိပ်​လိုက်​​တော့မယ်​....မထွက်​ခင်​ကုတင်​​ပေါ်မှာအိပ်​​မောကျ​နေတဲ့hyungမျက်​နှာ​လေးကိုတချက်​​ငေးကြည့်​​နေမိတယ်​...အပြစ်​​ပြောစရာတစက်​မှမရှိ​အောင်​​ချော​မောခန့်​ညားလွန်း​သောhyungရဲ့မျက်​နှာ​လေးကိုဒီလိုမျိုးhyungအိပ်​​ပျော်​​နေတဲ့အချိန်​မှသာတဝကြီးခိုးကြည့်​ခွင့်​ရသည်​မဟုတ်​လား....

Bitter KissWhere stories live. Discover now