နာရီဝက်တောင် ကျော်နေပြီးလေ . . .
ဘာလဲ !!

တကယ်တော့ Lu သိမ်ငယ်နေမိတယ်
နှစ်ယောက်ကြားမှာ သူက ကလေးလေးသဖွယ် . . .
Sehun က 6 ပေ လေ ! အရပ်အရှည်ကြီးရယ်
သူက 5 ပေ 8 လက်မပဲ ရှိတာဆိုတော့
နဂိုက ပုရတဲ့အထဲ
BOA က ဒေါက်ဖိနပ်ကြီး စီးထားတော့
ကိုကိုနဲ့ level ဖြစ်နေတာပေါ့
ူသူသာ ဂျပု ! ~_~メ

ပြီးတော့ Sehun က Company က ပြန်လာတာဆိုတော့ နံကထိုင်နဲ့ Suit ဝတ်ထားတယ်
BOA ကလဲ Tutor လုပ်နေတာတဲ့
နားမထောင်ပေမယ့် နားထဲ ဝင်လာတဲ့ စကားတွေအရ သူ ကြားလိုက်တာပဲ
အဲ့တော့ smart ကျကျ style ကြီးပေါ့
ဟင့် ~
Lu က T shirt နဲ့ short pan လေးပဲ ဝတ်ထားတော့ ကလေးမသာ ပုံပေါက်နေတာ !!
ကျောပိုးအိတ်လေးနဲ့ ဆိုတော့ကာ ပိုဆိုး ~ ~ ~
ဟင့်အင်း !!! ဒီထက်ပို သည်းမခံနိုင်တော့ပူးးးးးးးးးး

¥

¥

¥

// အင့် ... အား ... ... အိ ... ... ... အီး //

Sehun လက်ကို Luhan ဆွဲနေခြင်းပင် ~
ဘောင်းဘီအိတ်ထဲ လက်ထည့်ထားသော Sehun ကို
လက်မောင်းမှ အတင်းဆွဲနေသော်လည်း မရွေ့

Lu ပါးစပ်မှ အသံပေါင်းစုံထွက်နေပေမဲ့လည်း
ကိုက စကားပြောတောင် မပျက်

လက်နှစ်ဖက်ဖြင့် ဆွဲသည် ~ ~ ~ မရ !
ခြေကန်၍ ဆွဲသည် ~ ~ ~ ဒုံရင်း !
လက်ချင်းချိတ်ကာ ခြေထောက်ပါ လှမ်းရင်း ဆွဲသည် ~ ~ ~ ~ 1cm တောင် မရွေ့

ကိုကို တမင်လုပ်နေတာ ...
စကားပြောနေသော မျက်နှာချောချောကြီးက ပြုံးစိစိ
BOA ကတော့ ထိန်းနေရင်းနဲ့ကို တခိခိ ခိုးရယ်သံ ထွက်လာသေး

အင်းလေ
သူ အခုဖြစ်နေတဲ့ ပုံကြီးက Santa ဘိုးဘိုးကြီး ရုပ်တုကို အိမ်အတင်းဆွဲခေါ်နေတဲ့ ကလေးဆိုးလေး ပုံစံ ဖြစ်နေတာကိုး

နှစ်ယောက်လုံး သူ့ကို ဂရုမစိုက်ကြပေမယ့်
မျက်နှာပိုးက မသေပူး
အာ့ Lu ကို လှောင်နေတာ
ဟွန်းး Manly Luhan ကွ
ရအောင် ဆွဲပြမယ်

ကိုကို့ ခါးကို ဖက်ကာ ခြေစုံကန်ပြီး ဆွဲပစ်လိုက်တယ်
ဟင် ??? ဒါတောင် မျဘူး
ဟင့် ~ ငိုချင်လာပီ
အားစိုက်ဆွဲရင်း မောလာတော့ Lu လက်ဖြုတ်လိုက်သည်
ကံက မွေးကတည်းက
အရမ်းကောင်းတာဆိုတော့
သူလဲ လက်အဖြုတ်
ကိုကလဲ အားအလျှော့

Oh My Deer ~♥~ Completed Where stories live. Discover now