နွယ်​(တတိယပိုင်း) (အပိုင်း ၂)

Start from the beginning
                                    

သူကျွန်နာမည်ကို ထပ်ခါထပ်ခါ ခေါ်
နေတယ်...ပြီးတော့သူစကားတွေဆက်
ပြောနေပြန်တယ်.....

"နိုးလာပြီလား..ဘယ်လိုနေသေး
လည်း.....သက်သာလား..ဟင်" တဲ့

စိုးရိမ်တကြီးမေးလာတဲ့အသံလှိုင်းကကျွန်တော့်ရဲ့မျက်ဝန်းတွေ ကို အားပြု ပြီးဖွင့်နိုင်
အောင်ဆွဲငင် လိုက်သလိုပဲ..

____________________

တဖြည်းဖြည်းချင်း ပွင့်လာခဲ့တဲ့ကျွန်တော့်
ရဲ့မျက်ဝန်းတွေက...ခုနကကြားခဲ့တဲ့
အသံရှင်လေးကိုလိုက်လို့ရှာမိတယ်..
ဘယ်သူလည်းကျွန်တော်သိချင်တာကိုး
ကျွန်တော့်ရဲ့တစ်သက်မှာ ဒီလိုနွေးထွေး
ပြီးကျွန်တော့်ကိုစိတ်ပူပန်ပေးမယ့် မိန်းခလေးမျိုးကိုတစ်ခါမှမတွေ့ဘူးခဲ့ဘူးလေ
သိပ်ဝေးဝေးလံလံတော့ မရှာလိုက်ရပါဘူး
သူမ က ကျွန့်တော့်ရှေ့မှာရှိနေတာကိုး..အရှေ့မှာရှိနေပေမယ့်လေ..ကျွန်တော်သူ့မရဲ့မျက်နာကိုမမြင်ရသေးဘူး...

ပြတင်းပေါက်မှာ ကာထားတဲ့ဝါဖျော့ဖျော့ခန်းစီးကိုတိုက်ရိုက်ထိုးဖောက်ပြီး..ဖြာကြ
လာတဲ့နေမင်းရဲ့အလင်းရောင်ဟာ သူ့အမြင်
တွေကိုဝေဝါးပစ်လိုက်တာကြောင့် မျက်လုံးဖွင့်ဖွင့်ချင်းသူမကိုကျွန်တော်မမြင်ရ
တာပါ....

ဒါပေမယ့်ပုံရိပ်လေးကိုတော့မှုန်ဝါးဝါးမြင်
နေရတယ်..သူ...ကျွန်တော်ရဲ့မျက်နှာ
လက်..စတဲ့အစိတ်အပိုင်းတွေကို..နူးညံ့
စွာထိတွေ့နေတယ်...

ကျွန်တော့်ရဲ့မျက်ဝန်းတွေကတော့..စူးရှရှ
နေရောင်ရဲ့ ဝါးမြိုခြင်းကိုခုထိ ခံနေရတုန်းမို့
ကောင်းကောင်းမဖွင့်နိုင်သေးပေ..
မှုန်ဝါးဝါး မြင်ကွင်းလေးကတော့ခုထက်ထိလှုပ်ရှားမှုတွေမရပ်သေး....

ရှည်လျားပြီးသွယ်လျလှပတဲ့လက်တစ်စုံဟာ
ကျွန်တော့်မျက်ဝန်းတွေရဲ့ရှေ့မှာမားမား
မတ်မတ်ရပ်တည်လို့ အလင်းရောင်တွေကို
ကာကွယ်ပေးထားတယ်...
အလင်းရောင်တွေကိုကာကွယ်ပေးလိုက်တာကြောင့်မြင်ရပြီ...ခုတော့အသံရှင်လေးကိုမြင်ရပြီပေါ့.......

ခုတင်ဘေးနားလေးမှာထိုင်ပြီး..စိုးရိမ်တကြီးနဲ့အုပ်မိုးကြည့်နေတဲ့..မျက်နှာလေးကို တဖြည်းဖြည်းနဲ့သူ ထင်ထင်ရှား
ရှားမြင်လာရပြီ...သူ့လက်ထဲမှာလည်းရေစိုနေတဲ့အဖြူရောင်တစ်ဘက်လေးတစ်ထည်
လည်းကိုင်ထားသေးတယ်...

နွယ်​..sulay FicWhere stories live. Discover now