နွယ်​(တတိယပိုင်း)(အပိုင်း ၁)

Bắt đầu từ đầu
                                    

_____________________

ညိုးနွမ်း​နေတဲ့စိတ်​​တွေလန်းဆန်းသွား​အောင်​​ရေအရင်​ချိုးလိုက်​တယ်​။ဆေးရုံကအလုပ်​တစ်​ချို့နဲ့​လေ့လာဖို့ရှိ​နေ​တဲ့​ဆေးပညာရပ်​တချို့ကို​လေ့လာပြီး​နောက်​မှာတော့သူ့ဗိုက်ထဲကဆာသလိုလိုဖြစ်​လာလို့ထမင်းစားခန်းရှိရာကိုဆင်းလာခဲ့တယ်​။ထမင်းစားခန်းထဲ​ရောက်​​တော့ဗိုက်​ဆာလွန်းလို့တကူးတကဆင်းလာခဲ့တဲ့သူ့​ခြေ​ထောက်​​တွေကိုပဲအပြစ်​တင်​ရ​တော့မလိုဖြစ်​​နေပြီ

မီးဖိုခန်းထမင်းစားခန်းသာ​ပြောတယ်
ထမင်းနဲ့တူတဲ့အရာဆိုလို့တစ်​ခုမှမရှိ
စင်​​ပေါ်မှာတင်​ထားတဲ့ Rice cooker
ကိုဖွင့်​ကြည့်​ပြန်​​တော့လည်းဗလာထမင်း၊
ရေခဲ့​သေတ္တာကိုဖွင့်​ကြည့်​ပြန်​​တော့လည်း​သောက်​​ရေဘူးအပြင်​ ဟင်းနဲ့တူတဲ့အရာဆိုလို့ရှာလို့ပင်​မ​တွေ့
အဆင့်​တိုင်းကဟာလာဟင်းလင်းနဲ့မို့
သူ့အတွက်စားစရာဆို​သောထမင်းနဲ့ဟင်းသည်​ ဗလာထမင်းနှင့်​ဗလာဟင်းများသာဖြစ်​​နေသည်​​။
ခု​တော့သူလည်းဘာမှမ​ပြောနိုင်​​တော့။
သက်​ပြင်းချရုံမှလွှဲလို့​ပေါ့​လေ။

suhoတစ်​​ယောက်​လမ်းထိပ်​စတိုးဆိုင်​ကအသင့်​စား​ခေါက်​ဆွဲ​ခြောက်​နဲ့နှစ်​ပါးသွားရပြီ​ပေါ့​။ဗိုက်​ဆာလွန်းလို့
ပြုတ်​စား​ပေမယ့်​ဘာမှန်းမသိလည်​​ချောင်းဝမှာတစ်​​နေသလိုမြို၍မကျ။တစ်​ချိန်​ကအ​မေချက်​​ကျွေးခဲ့တဲ့မိသားစုထမင်းဝိုင်း​လေးကိုမျက်​လုံးထဲ​ပြေးမြင်​မိတယ်​။

"လူတစ်​​ယောက်ရဲ့ဘဝပြည့်​စုံမှုရှိဖို့အတွက်
ပညာနဲ့​ငွေ​ကြေးချမ်းသာမှုကအဓိကကျ​ပေမယ့်​ ​ပျော်​ရွှင်​မှု၊စိတ်​ချမ်းသာမှုကို​ပေးတဲ့​နေရာမှာဒီဟာ​တွေကအဓိကမကျပြန်​ဘူးသား​ရေ..ပြည့်​စုံတဲ့ဘဝကိုပိုင်​ဆိုင်​ပြီး
လူတစ်​​ယောက်​ကစိတ်​ချမ်းသာမှု၊​ပျော်​ရွှင်​မှုမရှိရင်​အလကားပဲ..အခုငါ့သားကပြည့်​စုံတဲ့ဘဝကိုပိုင်​ဆိုင်​ထား​ပေမယ့်​​​ပျော်​ရွှင်​ပြီး
စိတ်​ချမ်းသာစရာ​ကောင်းတဲ့ဘဝမျိုးကိုမပိုင်​ဆိုင်​ရ​သေးဘူး။အဲ့​တော့အ​မေကငါ့သားအဲ့လိုဘဝမျိုး​လေးပိုင်​ဆိုင်​နိုင်​​အောင်​ဖန်​တီး​ပေးချင်​တယ်​။ဒါမှလည်းငါ့သား​လေးအလုပ်​ကပြန်​လာတဲ့အခါအထီးမကျန်​ရမှာ"တဲ့

နွယ်​..sulay FicNơi câu chuyện tồn tại. Hãy khám phá bây giờ