Your...Pain

11.2K 1.1K 41
                                        

အရင်တုန်းက...coffeeတစ်ခွက်ဝယ်ပြီးတာနဲ့...
ကျောခိုင်းထွက်လာနေကျ...StarBucks coffeeဆိုင်လေးဟာ...အခုတော့ ကျွန်တော်...
တစ်နေ့မှာ...နာရီဝက်လောက်...
အေးအေးလူလူထိုင်နေမိတတ်တဲ့...နေရာလေး...
တစ်နေရာ ဖြစ်လာခဲ့သလို...
ကျွန်တော့်နှလုံးသားမှာလည်း...coffee ကောင်းကောင်း
ဖျော်တတ်ပြီး...ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးပြတတ်တဲ့... ကောင်မလေး တစ်ယောက်က...
အပြန်အလှန်သဘော...နေရာယူလို့လာပြီလေ...

သူမမှာ...ပါးလျားလျားမဟုတ်ဘဲ...
အနည်းငယ် ချစ်စဖွယ် ခပ်တွဲတွဲလေးကျနေတဲ့...
နှုတ်ခမ်းထူထူလေးတွေ ရှိတယ်...

မျက်လုံးတွေဟာ...သူ့လို...အမြဲ မတောက်ပနေတတ်ပေမယ့်...သဘာဝအတိုင်း အိပ်ချင်သလို ဖြစ်နေတတ်တဲ့...မျက်ခွံလေးတွေကို ပင့်တင်ပြီး...ကြည့်လိုက်တဲ့အခါ...တကယ် ချစ်ဖို့ကောင်းတယ်...သိုးငယ်လေး လိုပဲ...

ပြင်ဆင်ခြယ်သခြင်း...သိပ်မရှိဘဲ...ပန်းနုရောင် သန်းနေတတ်တဲ့...မျက်နှာလေးကို မြင်ရတဲ့အခါ...
Eyelinerထူထူတွေ...make upတွေနဲ့...
ပူအိုက်...မွန်းကျပ်နေတတ်တဲ့...သူ့မျက်နှာကို...
မဆီမဆိုင်...သွား...သတိရမိတတ်သေးတယ်...

သူမကို...ကောင်းကောင်းမြင်သာတဲ့...တစ်နေရာမှာ...ထိုင်...Americanoတစ်ခွက်ကို...စားပွဲရှေ့ချရင်း... Customerတွေနဲ့...စကားပြောနေတတ်တဲ့ သူမကို
သိသိသာသာတစ်မျိုး...မသိမသာတစ်မျိုး...
ငေးကြည့်မိတဲ့အခါ... သူမရဲ့...နှုတ်ခမ်းလေးဟာ...စုစုချွန်ပြီး...အရှေ့ကို ချစ်စဖွယ် ထွက်လာတတ်တာကို တွေ့ရတယ်
အစကတော့...တမင်တကာ
ချစ်စရာကောင်းအောင် လုပ်ပြောတယ် ထင်မိခဲ့ပေမယ့်...
အဲဒီလို မဟုတ်ဘဲ...သူမရဲ့...ကိုယ်ပိုင် အမူအကျင့်လေးတစ်ခုလို့...သတိထားမိလာရဲ့...

ဒီအချက်ကတော့...Xiao Luhanနဲ့ သူမရဲ့...
တူညီတဲ့ အချက်တစ်ခုပဲ...
ဘယ်သူက ပိုပြီးသာသလဲ ဆိုတာတော့...
ကျွန်တော် ဝေခွဲမတတ်...

နေပါဦး...ကျွန်တော်...ဘာလို့...
မိန်းကလေးတစ်ယောက်ကို...ယောက်ျားတစ်ယောက်နဲ့...အရာရာတိုင်း လိုက်ပြီး နှိုင်းယှဉ်နေမိလဲ?...

ဘာဆိုဘာမှ မတူညီတဲ့ လူနှစ်ယောက်ကြားထဲက...
တူညီမှုအချို့ကို...ဘာလို့များ ခဲရာခဲဆစ် လိုက်ပြီး...ရှာဖွေနေမိတာလဲ?...

TRAPDonde viven las historias. Descúbrelo ahora