Your... Lust

16.6K 1.4K 22
                                    

ဒီနေ့ အစီအစဉ်က...ညနေစောင်းမှောင်မှ ပြီးမယ်ထင်ရဲ့
ကားပါကင်နဲ့...ရိုက်ကွင်းက...သိပ်မဝေးလှပေမယ့်...သူ့ကို လှမ်းမြင်ဖ်ို့ကျပြန်တော့...အတော်လှမ်းနေပြန်ရော...
ဟိုမှာ~makeup artistတွေက
ရောက်နေပြီးဖြစ်မှာမို့...
သူ့ဟာသူ အကုန်အဆင်သင့်ဖြစ်မှာပါ~

ကားထဲမှာပဲနေရင်း...သူပြန်လာတာ...စောင့်နေဖို့ ဆုံးဖြတ်ထားတာမို့...ကားထဲမှာပဲ ထိုင်နေမိတယ်...
လုပ်စရာရှိတာလုပ်...ဖုန်းဆော့ချင်ဆော့...
အိပ်ချင်ရင်အိပ်...ကျွန်တော့်အလုပ်က...ဒီလောက်သာ
အခြားတစ်နေရာတော့လည်း...ပျင်းလို့ဖြင့်...ဘာညာ အကြောင်းပြပြီး... သွားခွင့်မရှိဘူး မဟုတ်လား...

ဒီ အပင်ပန်းခံတဲ့...Variety showကျ လုပ်ချင်ပြီး
နှုတ်ခမ်းလေး လှုပ်ရုံ...interviewကျ ဘာလို့ မလုပ်ချင်သလဲ...စဉ်းစားမရ...
အဆန်းတော့လည်း မဟုတ်...
Xiao Luhanဆိုသည်က သူ စိတ်ပါရင် မရရအောင် ရှေ့တိုးလုပ်တတ်သလောက် စိတ်မပါဘူးဆိုရင်တော့
ဘယ်သူ့မျက်နှာမှ...ထောက်နေတတ်တာ မဟုတ်...
အားမနာတမ်း သူလုပ်ချင်တာ လုပ်ချတတ်ရဲ့...

ဒါကြောင့်လည်း အောင်မြင်နေပေမယ့်...မာန်ကြီးတယ်
ဆက်ဆံရေးညံ့တယ်~လိင်တူကြိုက်နေတာ... နာမည်ဆိုးတွေနဲ့~ကောလာဟလတွေက...အမြဲ...
ပြတ်သွားတယ်ကိုမရှိ~တစ်ခုပြီးတစ်ခုကို မရိုးနိုင်အောင် ထွက်နေတာ...

"ahh...ဟုတ်ပါရဲ့"

ဒီနေ့...interviewတဲ့ သတင်းထောက်ကို ကျွန်တော် သွားတွေ့ရဦးမယ်...ဘာတွေ ဘယ်လိုလုပ်ချခဲ့လဲ မသိပေမယ့် သေချာတာတော့ လူ့သည်းခြေကြိုက် ငွေနဲ့ပင် သွားနှုတ်ပိတ်ရမယ်ထင်~

"ဟူး..."

အသက်ကလည်း မငယ်တော့ဘူး...
လုပ်ချင်ရာကို လုပ်နေတော့တာပဲ~

အပျင်းဖြေစရာ...phပဲ ရှိတာမို့...
phကိုဖွင့်မိတော့လည်း...ချထားတဲ့...Lock တောင်...
ကျွန်တော့်သဘောမဟုတ်...သူ့မွေးနေ့ရက်တွေ...
phဝယ်ပေးလိုက်တာနဲ့...တစ်ခါတည်း lockကိုပါ သူ့စိတ်ကြိုက်ချပစ်တာ~

အင်းလေ...ဒါတွေ အထူးမှ မဟုတ်တာ...ငါးနှစ်နီးပါး ရှိခဲ့ပြီပဲ~အခုတလောမှ...ကျွန်တော် ဘာလို့များ ဒီဘဝကို တအားစိတ်ပျက်နေမိပါလိမ့်?...
ဘာမှ ထူးလာမှာလည်း မဟုတ်ပဲ...

TRAPWhere stories live. Discover now