Part 5-Mysophobia

1.7K 164 3
                                        


lu:အား ကျွတ်ကျွတ်…ခေါင်းကလဲကိုက်လိုက်တာ…ငါ့မျက်နှာပေါ်က ဘာကြီးတုန်း

luhanမျက်နှာပေါ်က စက္ကူလိုလိုဟာကြီးကို ဖယ်လိုက်ပြီးဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့…

lu:ဟင်…0_0   သတင်းစာတွေ??? ငါကဘာလို့သတင်းစာတွေ ပေါ်ရောက်နေတာလဲ?? ငါဘယ်ကိုရောက်နေတာလဲ?ဘာဖြစ်လို့ ငါ့shoesတွေက ကြွပ်ကြွပ်အိတ်ထဲရောက်နေတာလဲ? ငါသေသွားပြီလား? အားးးးး!!! andwae!!!သေလို့မဖြစ်ဘူး!!ငါအမဲလိုက်လို့တောင် မပြီးသေးတဲ့ဟာ!!!

hun:မင်းနိုးပြီလား...

lu:ဟင် သူကဘယ်လိုလုပ်ဒီိရောက်နေတာလဲ?

hun:ဘယ်လိုလုပ်ဒီရောက်နေတာလဲ ဟုတ်လား အဲဒါငါမေးရမယ့်မေးခွန်းလို့ မထင်ဘူးလား...ဒီမှာ မင်းဘာဖြစ်နေတာလဲ …မင်းstalkerမဟုတ်ဘူးဆိုရင် ဘာလို့ငါ့ နောက်ကိုတကောက်ကောက် လိုက်နေသေးလဲ

အမ်...သူဘာတွေပြောနေတာပါလိမ့်....
ခနလေးနေဦး....ဒီနေရာက.....................
Oh My God!!!!!!!! သေပြီ!!!!!!!

sesanngae!!! Xiao luhanရေ… နင်တော့သေပြီ သေပြီ...မရှိတဲ့အရှက်တော့ ကွဲပါပြီ...

lu:ဟိုလေ mi~miyanhaeyo... ကျွန်မ..ဟို... မနေ့ကသောက်တာ နဲနဲများသွားလို့… ဒါပေမယ့် ကျွန်မstalkနေတာမဟုတ်ပါဘူး...လုံးဝမဟုတ်ဘူး.. တကယ်ပြောတာ....တကယ်မတော်တဆ...

hun:ဟေးးး!!!ဖယ်!!ဖယ်!မင်းလက်ကိုဖယ်လိုက်!ငါ့ကြမ်းပြင်ပေါ်လက်မထောက်နဲ့...မင်းကငါ့ကြမ်းပြင်ကို staphylococcus တွေ ပေအောင်လုပ်နေတယ်

#(staphylococcus=လူ့အရေပြားတွင် ရှိသော ဘက်တီးရီးယား)#

lu:staphyyy~~ဘာ?

hun:ပြီတော့ အထင်လွဲမနေနဲ့...ငါကမင်းကိုငါ့ အိမ်ထဲတော်တော်ခေါ်ထားချင်လို့မဟုတ်ဘူး… အကယ်လို့ မင်းကိုငါ့အိမ်ရှေ့မှာပဲထားထားလိုက်ရင်..လူတွေမြင်မယ်.... ပြီးတော့ရဲခေါ်လိမ့်မယ်... ရဲတွေရောက်လာရင် စပ်စုချင်တဲ့လူတွေက ဝိုင်းအုံလာလိမ့်မယ်... အဲ့လိုဆိုငါ့အိမ်ကရောဂါပိုးတွေ…အဟမ်း…ဘာပဲဖြစ်ဖြစ်... မရှုပ်သင့်တာတွေ ရှုပ်မှာဆိုးလို့ မင်းကိုငါ့အိမ်ထဲ ဆွဲသွင်းပြီး သတင်းစာတွေခင်းပြီးထားထားလိုက်တာ…

Untouchable[completed]Where stories live. Discover now