Lu; Oma ကလည်းးးးးစိတ်ချပါ။

( Oma ရှေ့မှာ ကျွန်တော် မျက်ရည် မကျအောင် စနောက်နေမိတယ်။ Oma ပြောတဲ့ဟိုကောင်လေး ဆိုတာ Oh sehunပါ။ ခုသူ့အကြောင်း က ကျွန်တော့်ခေါင်းထဲ ရောက်လာရပြန်ပြီ။
ကျွန်တော့် ရယ်သံတွေ ကြား နေရလားးး??? တကယ်တော့ ကျွန်တော် ငို နေတာပါ။)

Lu; Oma Tao နဲ့ Khris ကျွန်တော် လေယာဉ်ပေါ် တက်ရတော့မယ်။ သွားတော့မယ်နော်။

Oma ; အင်း သားလေး တာ့တာ•••••။

Tao& Khris ; Bye bye !!!

လက်ပြ နှုတ်ဆက် ရင်း ကျန်နေခဲ့တဲ့ Oma
Tao နဲ့ Khris.

ဘာ ရယ် မဟုတ် ကျွန်တော် ဟိုးးးနောက်ကို လှမ်းမျှော် ကြည့် နေမိသေးသည်။ သူ များ ရောက်လာလိမ့် မလား ဆိုတဲ့ အတွေးနဲ့ပေါ့။
ဒါပေမယ့် မဖြစ်နိုင်ဘူး ဆိုတာ ကျွန်တော် အသိဆုံးပါ။ကျွန်တော် သွားမယ်ဆိုတာ သူ့ကိုအသိတောင်မပေးခဲ့လို့ပါ။ ဒီချိနိလောက်ဆို သူ အရမ်း ပျော်နေမှာပါ။ သူ ချစ်တဲ့ စနှိုးဝိုက်
ကောင်မလေး ကို နမ်းနေမယ့် အချိန်လေးပေါ့ ။

plane  starts flying •••

Other side•••

Oh sehun*

ဒီနေ့ ကျွန်တော် ဘာကြောင့် ရင်ထဲ ဆို့နင့်နေပါလိမ့်။ ကျွန်တော် ရင်ထဲ မွန်းကျပ်ပြီး တစုံတခု ဒါမှမဟုတ် တစုံတယောက် ကို တောင့်တနေသလိုရယ်။ ကပြ နေရတာ စိတ်မပါတော့ ဘူး။

ဘာကြောင့်များ လဲ? ကျွန်တော် မသိဘူး။
ဒါပေမယ့် သိနိုင်သူ တစ်ဟောက် တော့ ရှိပါတယ်။ သူ က ကျွန်တော့်စိတ်ကို အမြဲ နားလည်ပေးနိုင်တဲ့ Luhan ဆိုတဲ့ကောင်လေး ပေါ့။

(Snow white ကာတွန်းမှာလေ အရင်ဆုံး Snow white သေသွားတော့ လူပုလေး ခုနှစ်ယောက် က ငိုနေတဲ့အခန်းမှာ မင်းသားက မပါသေးဘူး သိကြတယ်မို့လားဟင်။ မင်းသား ကနောက်ဆုံးမှ ထွက်လာပြီး kiss မှာလေ။ အခု က ထွက်မလာခင် Oh Sehun ခဏ နားနေရတဲ့အချိန်ပါ။)

သူ့သာဆို ကျွန်တော် ဘာကြောင့် ဒီလိုဖြစ်နေလဲဆိုတာ သိမှာပါ။ ကျွန်တော်ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ ခံစားချက် ကို သူက အဖြေရှာပေးနိုင်တဲ့ထိအောင် သူ က ကျွန်တော့်ကို အလေးထားပါတယ်။ ကျွန်တော့်အကြောင်းကို ကျွန်တော့် ထက်ပိုသိတယ်လေ။ ဒါပေမယ့် ကျွန်တော့် ကို သူ က ဖြူဖြူစင်စင်နဲ့ ခင်ခဲ့တာဆိုရင် သူ့အပေါ် ကျွန်တော် ရင်ခုန်မိတာ အပြစ်တခု လိုဖြစ်သွားမှာ ကျွန်တော် စိုးရိမ်ခဲ့တယ်။ ခုတော့ ရင်ခုန်မိတာ အပြစ်တခု ဆိုလည်း••• အပြစ်ဆိုတဲ့ ခေါင်းစဉ် လေးနဲ့ပဲ ကျွန်တော့် ခံစားချက်တွေ ဖွင့်ဟချင်မိပါတယ်။ကျွန်တော် သူ ကို လိုအပ်နေပြီ ။

အဖြည့်ခံWhere stories live. Discover now