episode-5 အဆက်

2.1K 246 4
                                    

သူ ကျွန်တော့် ကို အရမ်း စိတ်ဆိုးနေပြီလား မသိဘူး။
မဖြစ်သေး ပါ ဘူး။သူ့ကို သွားချော့ ဦးမှပါ။
ကျွန်တော့် ကြောင့် သူ့ကို ထပ်ပြီး စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။

➡➡To class➡➡➡

ဟင် အတန်းထဲမှာ Oh sehun လည်း မရှိတော့ပါဘူး။သူ ဘယ်ရောက်သွားပြီလဲ မသိဘူး။သူ ဘယ်တွေ လျှောက်သွားနေတာလဲ။

~~~~မဟုတ်မှ လွဲရော ကျွန်တော့်ကို စိတ်တိုပြီးတော့များ သူ သူ မဟုတ်တာတွေ
လျှောက်လုပ် ရင် ကျွန်တော်တော့ ဘယ်လို နေရမလဲ Sehun ရယ် ~~~~

ကျွန်တော် တကျောင်းလုံး ပတ်ပြေးပြီး သူ့ကို အလောတကြီး လိုက်ရှာနေခဲ့တယ်။ကျွန်တော့် တစ်ကိုယ်လုံးလဲ ချွေးတွေရွှဲနေခဲ့ပြီ။
ဝင်လေထွက်လေ မမှန်တော့သလို နှလုံးခုန်နှုန်းတွေလည်း အရမ်းကိုမြန်ဆန်နေပြီ။
ကျွန်တော် တကယ်ကို မောဟိုက်နေပါပြီ။

သူ နဲ့ ကျွန်တော်ရဲ့ ဘဝ မှာ ဆူရှီ ဆိုတဲ့ကောင်မလေး ဝင်လာကတည်း က ပျော်ရွှင်မှု ဆိုတာမရှိတော့ သလို ကျွန်တော့် နှလုံးသားလေးလည်း နေ့စဉ် ငိုကြွေးနေရပြီ။

ကျွန်တော့် နှလုံးသား လေးက ပြောနေပါပြီ
"အရှင်ရယ် ကျွန်တော်နာကျင်လှပါပြီ။သူ့ကို မေ့လိုက်ပါတော့ "တဲ့။

ဒါပေမယ့် နာကျင်တဲ့ ဒဏ်ကို ကျွန်တော် ခံနိုင်ပါတယ်။ ကျွန်တော် သိပ်ချစ်တဲ့ သူ့အတွက် ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သပ်သွားရင်တောင် ဆက်ချစ်နေမှာပါ။

ခုတော့ သူ့ကို စိတ်ပူလွန်းလို့ ကျွန်တော် ဆောက်တည်ရာမရတဲ့ အခြေအနေ ပါ။
နေရာ တော်တော် များများကို ကျွန်တော် ရှာခဲ့ပြီးပါပြီ။ဘယ်မှာ မှ မတွေ့ဘူး။

သူ ဆူရှီ နဲ့များ အတူတူ ရှိနေမလား မသိဘူး။
Canteen ဘက်သွားနေရင်း လမ်းချိုး တစ်နေရာ ရောက်တော့ ကောင်လေးတယောက်နဲ့ ကောင်မလေး တယောက် စကားများ နေတဲ့ ခပ်အုပ်အုပ်အသံ ကြားနေရတယ်။
သူများကိစ္စ စိတ်မဝင်စားပေမယ့် ကောင်လေး အသံက အရမ်းရင်းနှီးနေလို့ နားထောင်ကြည့်လိုက်တော့ ကျွန်တော့် Oh sehun ရယ်လေ။
ကောင်မလေး ကတော့ ဆူရှီ ပေါ့။
သူတို့ နှစ်ယောက် ရန်ဖြစ်နေ တာကို နားစွင့်နေမိတော့ ရန်ဖြစ်တဲ့အကြောင်းရင်းက Oh sehun က အရင်က ရည်းစားတွေ ပွေခဲ့လို့တဲ့လေ။Oh sehun တစ်ယောက် မရမကအသည်းအသန် ရှင်းပြနေတယ်။ပြောနေရင်း နဲ့ သူ့မျက်ဝန်းမှာ အရည်ကြည်တွေဝဲလို့ အသံလည်းတိမ်ဝငလာနေပြီ။

အဖြည့်ခံWhere stories live. Discover now