episode-5 အဆက်

Start from the beginning
                                    

ဆူရှီ တစ်ယောက် နောက်ဆုံး ပြောလိုက်တဲ့ စကား တစ်ခွန်းကြောင့်•••Oh sehun လုပ်လိုက်တဲ့ အပြုအမူ •••

ကျွန်တော် တကယ်ပဲအသက်မရှင် ချင်တော့ဘူး။

Oh Sehun ရယ် အဲ့လောက်တောင် ဆူရှီ့ကို ချစ်ရလားး။

မင်းရဲ့ မာနတွေ ချိုးဖျက်နိုင်လောက်အောင်လားကွာ။

ဆူရှီ ဆီက လမ်းခွဲ စကား ဆိုတော့ ကျွန်တော့် Oh sehun က သူ့လက်ကို ဆုပ်ကိုင်ရင်းကနေ ဒူးထောက်ချပြီး တောင်းပန်နေတယ်လေ။

( Oh sehun ရဲ့ fg များ gf များ ကျနော့်ကို သမင်လွှတ်ကြပါဗျို့ Mianhaeyor!!!)

ူလူ တစ်ယောက် ကို ဘယ်တုန်းကမှ တောင်းပန်စကား မပြောတတ်တဲ့ Oh sehun က အခုတော့ မိန်းကလေး တစ်ယောက်ရဲ့ အရှေ့မှာ ဒူးထောက် တောင်းပန်နေတယ်လေ။
သူ့မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့ရယ်။

ဆူရှီ ကတော့ လုံးဝ အလျော့မပေးခဲ့ပါဘူး။
ရက်စက်လိုက်တာ ။
သေချာပါတယ် သူ Oh sehun ကို တကယ်မချစ်ဘူး။
တကယ်သာ ချစ်မယ်ဆို အတိတ် က ဘာတွေပဲ ဖြစ်ခဲ့ပါစေ သူနားလည်ပေးသင့်တယ်။
Oh sehun ရယ် မင်းကို တကယ်မချစ်လို့ မှ ပြသနာ ရှာနေတဲ့ ကောင်မလေး တယောက်အတွက် အဲ့လောက်ထိ မခံစားပါနဲ့လား။

မင်း သူ့ကို မချစ်ပါနဲ့တော့လား ။
ဒါပေမယ့် အချစ်က တားဆီး လို့ရတဲ့ အရာ မဟုတ်ခဲ့တော့လည်း ကျွန်တော် ကိုယ်တိုင်ကလည်း သူ့လို ပဲ ကျွန်တော့် ကို မချစ်တဲ့ သူ့ကို သေလောက်အောင် ချစ်နေတာကိုး။သူ့ကိုလည်း တားဆီး ပိုင်ခွင့် မရှိပါဘူး။

ဆူရှီ တစ်ယောက် ထွက်သွားပြီး အတော်ကြာ သူ အဲ့အတိုင်း လေး ငြိမ်သက်စွာ ထိုင်နေတယ်။

ကျွန်တော့်စိတ်အတိုင်းသာ သူ့နားကို ပြေးသွားပြီး နှစ်သိမ့်ပေးချင်ပါတယ်။သူ့ပါးပြင်ပေါ်က မျက်ရည်တွေကို တယုတယ သုတ်ပေးချင်ပါတယ်။
သူ့ခေါင်းလေးကို ကျွန်တော့် ရင်ခွင်ထဲသွင်းပြီး သူ့ကျောပြင်လေး ကို ပွတ်သပ်ပေးချင်ပါတယ်။

ဒါပေမယ့်လေ သူ့မာန ထိခိုက်သွားမှာ စိုးတော့ ကျွန်တော် ထောင့်အကွယ်ကနေ မျက်ရည်တွေ ကြားက ကြည့်နေရုံ က လွဲလို့ ~~~

အဖြည့်ခံWhere stories live. Discover now