Stay With Me episode 6

987 120 1
                                    

ဒီညနဲ့ ဆို Chen သူ့ အိမ်ကပျောက်သွားတာ ၁ ပတ်ရှိပြီ။သူ့ အဖေနဲ့ အမေ အရမ်းစိတ်ပူနေကြတာပေါ့။လူပျောက်လည်း တိုင်ထားတယ်။သတင်းစာထဲမှာလည်း လူပျောက်ကြော်ငြာ ထည့်ထားတယ်။ဒါပေမယ့် အခုထိ
ဘာမှသတင်းမထူးသေးဘူး။ ရဲတွေလည်း စုံစမ်းနေပေမယ့် Chen ရဲ့ သတင်းအစအနကိုတောင်မရဘူးဖြစ်နေတယ်။

ဘူဆန်မြို့ ရဲ့ လမ်းတွေ ရပ်ကွက်တွေထဲက နံရံတွေမှာ Chen ကိုတွေ့ ရင်အကြောင်းကြားဖို့  ရေးထားတဲ့ Chen ရဲ့ ဓါတ်ပုံပါတဲ့ စာရွက်တွေ နေရာအနှံ့ ကပ်ထားတယ်။Chen ရဲ့ အမေလည်း စိတ်ဆင်းရဲပြီး အိပ်ယာထဲလဲနေပြီ။ ပြန်ပေးဆွဲသွားတယ်ဆိုရင်တောင် ပိုက်ဆံနဲ့ လာရွေးဖို့ အိမ်ကိုဆက်သွယ်ဦးမယ်။ အခုက ဘာမှန်းမသိရပဲ ပျောက်သွားတာ။ခြံတံခါးရှေ့ မှာ ကျန်ခဲ့တဲ့ Chen ရဲ့ စက်ဘီးနဲ့ ကျောပိုးအိတ်လေး ကိုကြည့်ရင်း သူ့ အမေနေ့တိုင်း ငိုနေတာပေါ့။

Chen လည်း Lay အိမ်မှာနေနေရတာ မပျော်ပါဘူး။ ငွေကြေးပစ္စည်းဥစ္စာတွေ ပြည့်စုံနေပေမယ့် သူ့ အိမ်လိုမနွေးထွေးဘူး။ သူ့ မိဘတွေသူ့ ကို စိတ်ပူနေတော့မှာပေါ့။

Lay ပြောပုံအရဆို သူအခုရောက်နေတာက ဂျယ်ဂျူ ကျွန်းရဲ့ လူနေရပ်ကွက်တွေနဲ့ နည်းနည်းအလှမ်းဝေးတဲ့ တောစပ်နားမှာရောက်နေတာတဲ့။ သူ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ အုံ့ စိုင်းနေတဲ့ ထင်းရှူးပင် အမြင့်ကြီးတွေကာရံထားတဲ့ ခြံအကျယ်ကြီးကို မျက်စိတဆုံးမြင်နေရတယ်။မြူတွေအုံ့ စိုင်းပြီး ခြံထဲမှာ နေရောင်တောင် သိပ်မတွေ့ ရဘူး။

Chen က Lay ကိုကြောက်လို့ Lay သဘောကျ အလိုက်သင့် နေရင်း ထွက်ပြေးဖို့ အခွင့်အရေးကိုစောင့်နေတယ်။အခုလည်း သူတို့  ၂ ယောက် အတူတူMTV ကြည့်နေကြတယ်။Lay ကဆိုဖာပေါ်ထိုင်ရင်း သူ့ ဘေးမှာ Chen ကိုထုံးစံအတိုင်း wheel chair ပေါ်မှာ ကြိုးတုပ်ပြီးသူ့  အနားခေါ်ထားတာပေါ့။

Lay က ကြွေပန်းကန်ပြားတချပ်ထဲမှာ သခွားမွေး,ပန်းသစ်တော် စပျစ်သီး စတဲ့ သစ်သီးတွေ ခွဲထည့်ထားပြီး ခက်ရင်းနဲ့ စိုက်ယူလိုက်ပြီး Chen ကို ကျွေးနေတယ်။ ၁ ပတ်လုံးလုံး အသီးအရွက်တွေချည်းပဲ စားနေရလို့ Chen စိတ်ညစ်နေပြီ။

Stay With MeTempat cerita menjadi hidup. Temukan sekarang