Stay With Me episode 4

1K 131 1
                                    

ညဘက်လူခြေတိတ်ချိန် ကားလမ်းမပေါ်မှာကားတစ်စီး အရှိန်အမြင့်ဆုံးမောင်းလာနေသည်။Hennessey Venom GT Spyder မော်ဒယ်ရှိတဲ့ အနက်ရောင်နောက်ဆုံးပေါ် ပြိုင်ကား ဖြစ်တဲ့အတွက် သူ့ ရဲ့ အရှိန်က အသံထက်ပင်မြန်နေသည်။ကားထဲတွင် သီချင်းသံတွေက နားကွဲလောက်အောင်ဆူညံနေလေသည်။

အရှိန်နဲ့ ကားမောင်းလာရင်းက ရုတ်တရက်ကားရှေ့ မှာလူရိပ်တွေ့ လိုက်လို့ ဘရိတ်အုပ်လိုက်ပေမယ့်

"ကျွီ..... ဒုန်း"

"မဟုတ်ဘူး မဟုတ်ဘူး"

Lay အသံကုန်အော်ဟစ်ရင်း အိပ်ရာကလန့့် နိုးလာခဲ့သည်။ သူ့ တကိုယ်လုံးချွေးတွေ ရွှဲနစ်နေသည်။ ဒီအိပ်မက်ဆိုးကို မက်ပြန်ပြီ။

အိပ်မက်မှန်းသိပေမယ့်လည်း လူကကြောက်စိတ် လျော့မသွားချေ။အခန်းထဲကို ဝေ့ကြည့်ရင်း တကိုယ်လုံးတုန်ယင်နေသည်။ကိုယ်ပေါ်မှာခြုံ ထားတဲ့စောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း မျက်လုံးတွေကလည်း ဂနာမငြိမ်ဖြစ်နေသည်။ အခန်းထဲမှာ အသုံးအဆောင်ပစ္စည်း အားလုံး အနီရောင်တခုမှမရှိချေ။

ဒါပေမယ့် သူ့ မျက်လုံးထဲမှာ အနီတွေချည်းပဲမြင်နေရတယ်။ မြင်ကွင်းအားလုံးက အနီရောင်တွေပဲဖုံးလွှမ်းနေတယ်။

"ဒါ ဒါ အိပ်မက်ပါ ငါ အိပ်မက်မက်နေတာ ငါအိပ်မက်မက်နေတာ အီးးးး ဟီးး ဟင်း ဟင်း ဒါ အိပ်မက်လေ Lay ရဲ့  မင်းဘေးမှာငါရှိပါတယ် ဘယ်သူမှမရှိပေမယ့် မင်းဘေးမှာအမြဲတမ်းငါရှိတယ် Lay ရဲ့ ဘေးမှာ Lay ရှိနေတယ်"

ဒူး၂ဖက်ကိုပိုက်ရင်း အိပ်ယာပေါ်ကျုံ့ ကျုံ့ လေးထိုင်နေပြီး Lay သူ့ ဘာသာတယောက်တည်း စကားတွေ တရစပ်ပြောနေလေသည်။အဲ့ဒီနောက် သူ့ မျက်လုံးတွေကို မှိတ်ရင်းခေါင်းငုံ့ ထားလိုက်သည်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ငါတမင်လုပ်တာ မဟုတ်ပါဘူး တောင်းပန်ပါတယ် တောင်းပန်ပါတယ် ငါ့ကိုခွင့်လွှတ်ပါ ငါ့ကိုခွင့်လွှတ်ပါ"

သူတိုးတိုးလေးရေရွတ်ရင်း ငိုနေမိသည်။
Chen ya, ငါ့ကိုကယ်ပါဦးကွာ...

#########

Chen အိပ်ယာနိုးလာပြီး ကျောင်းသွားဖို့ ပြင်ဆင်နေသည်။ ခါတိုင်းထက် သူပိုပြီးပျော်ရွှင်နေလေသည်။သူ့ ကိုချစ်တဲ့သူ တယောက်ရှိတယ်ဆိုတဲ့ အသိကြောင့်တကယ်ကိုပျော်ရွှင်ကျေနပ်နေမိတယ်။ပြီးတော့ ဒီနေ့ သူ့ မွေးနေ့ လေ။ Lay ကိုမုန့် ကျွေးပြီး ကျောင်းဆင်းရင်မြို့ ထဲဘက် လျှောက်လည်ပြီး ညဈေးတန်းမှာ မုန့် ထပ်စားဦးမယ်။ စိတ်ကူးနဲ့ တင် သူပျော်ရွှင်နေလေသည်။

Stay With MeWhere stories live. Discover now