ကျွန်တော် Toilet ကို လိုက်သွားတော့ Joongie တစ်ယောက် basin ရှေ့မှာ လက်ထောက်ပြီး ချောင်းဆိုးနေတုန်း...ကျွန်တော်လည်း ခုနက အတိုင်းပဲ သူနေသာသွားအောင် ကျောကို သပ်ပေးမိသည်။
''ဖယ်စမ်းပါ။ ငါသက်သာနေပြီ။'' Jaejoong ရဲ့ ခပ်မာမာ အသံကို ကြားပေမယ့် ကျွန်တော် သူ့ကျောကို ဆက်နှိပ်ပေးမိဆဲ...
''မင်းငါ့ကို မုန်းနေမှန်း သိပါတယ်...ဒါပေမဲ့ ဒီလောက်လေးတော့ ငါ့ကို ကူညီခွင့်ပေးပါ။'' ကျွန်တော့် စကားကြောင့် သူဘာမှ ပြန်မပြောတော့ပါ...ချောင်းဆိုးတာ တော်တော် သက်သာသွားမှ ကျွန်တော့် စကားကို ပြန်ဆက်မိသည်။
''Joongie...ခုနက ငါပြောတဲ့စကား...''
''မင်းဆီက ငါဘာမှ မကြားချင်ဘူးလို့ ဘဟ်နှခါပြောရမလဲ!!!!!''
Basin ကို လက်ထောက်ထားတာကနေ ရုတ်တရက် ပြန်မတ်လိုက်ပြီး ရန်တွေ့နေတဲ့ သူ့မျက်နှာကို မြင်တော့ ကျွန်တော် ခပ်ပေါ့ပေါ့ ရယ်မိသည်... သူက ကျွန်တော့်ကို မျက်လုံး အပြူးသားနဲ့ ကြည့်နေသည်...
''ဘာ...ဘာရယ်တာလဲ''
''အသစ်အဆန်းတွေ မြင်နေရလို့ပါ။''
''ဘာက အသစ်အဆန်းလဲ...ဘယ်မှာလဲ...''
''မင်းရဲ့ အခုလို ပုံစံက အသစ်အဆန်းပေါ့...အရင်က မင်းက ပေါ့ပေါ့ပါးပါးနဲ့ ပြုံးပြုးရယ်ရယ်နေတဲ့ cutie pie လေး...ခုကျ ခပ်တည်တည်နေပြီး ငါ့ကို အချိန်တိုင်းလိုလို ရန်တွေ့နေတဲ့ angry bird လေး...မင်းငါ့ကို မုန်းဖို့ အရမ်းကြိုးစားနေတာ ငါသိတယ်...ဒါပေမဲ့ ငါတို့နှစ်ယောက်ရဲ့ အမှတ်တရတွေကို မင်းဒီမှာ သိမ်းထားသေးတယ်လို့ ငါခံစားနေရတယ်'' ကျွန်တော် ပြောပြောဆိုဆို သူ့ရဲ့ ဘယ်ဘက်ရင်အုံနားကို ထောက်ပြလိုက်သည်။
သူကတော့ မျက်နှာကို တင်းထားတုန်း...
''မင်းရဲ့ ပြဿနာက ဘာလဲ...မင်းဘာကို လိုချင်နေတာလဲ''
...aigoo...မျက်နှာကြော တင်းထားပေမယ့် ကျွန်တော့် Joongie က ချစ်ဖို့ကောင်းနေသည်။
''ဘာမှမဟုတ်ဘူး။ ပြီးတော့ မင်းရဲ့ အချစ်''
''ဟမ်...အဲ့ဒါ ဘာလဲ''
''မင်းပဲ မေးတာလေ Joongie...ငါရဲ့ ပြဿနာက ဘာလဲဆိုတော့ ငါ့ရဲ့ ပြဿနာက ဘာမှ မဟုတ်ဘူး။ ငါဘာလိုချင်တာလဲ ဆိုတော့ မင်းရဲ့ အချစ်'' ကျွန်တော် Joongie ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်တော့ သူ့ မျက်နှာလေးက ပန်းရောင် ဖြန်းခနဲသမ်းသွားသည်။
''ဟားဟား...အဲ့ဒါဆိုလည်း အဲ့အိပ်မက်ကို ဆက်မက်လိုက်ဦး Yunho shi'' သူ လှောင်ရယ်ရယ်ပြီး Toilet ကနေ ထွက်သွားတော့ ကျွန်တော် ပြုံးပြီး ခေါင်းခါ မိလိုက်သည်။...မဟုတ်ဘူး Joongie...ငါက အဲ့အိပ်မက်ကို ဖြစ်အောင် အကောင်အထည်ဖော်မှာ...မင်းရဲ့ အချစ်ကို ငါရအောင် ပြန်ယူမယ်...မီးကို မီးနဲ့တိုက်လို့ မရမှန်း ငါသိပါတယ်...မင်းရဲ့ မီးကို ငါရေအဖြစ်နဲ့ ငြိမ်းပေးမှာပါ...ငါသည်းခံမယ် Joongie...မင်းက အခုသွေးဆူနေလို့ပါ...မင်း တည်တည်ငြိမ်ငြိမ် ဖြစ်သွားတဲ့ အချိန်ကျရင် ငါ့ရဲ့ ခံစားချက် အစစ်အမှန်ကို ဖွင့်ပြောပြီး မင်းကို ကျကျနန တောင်းပန်သွားမှာပါ Joongie...
xxxxxxxxxxxxxxxx

Love wins ကိုလည်း ဒီတစ်ပတ်အတွင်း update ပေးပါ့မယ်လို့ xD

Faithful DestinyWhere stories live. Discover now