Chapter 4

3.4K 292 4
                                    

ညဘက် dinner ပေးမယ့် စားသောက်ဆိုင်ကို company က လူတွေနဲ့ အတူ Yunho ပါ တူတူသွားခဲ့ကြသည်။ Yunho အကြည့်တွေက Jaejoong ဆီကနေ နည်းနည်းမှမခွာ...ဒါကို ရိပ်မိတဲ့ Heechul က စပ်ဖြီးဖြီးနဲ့
''Yah...တို့ CEO က မင်းကို မျက်စိကျနေတယ် ထင်တယ်''
''ဘယ်လို ဘယ်လို...မဟုတ်ပါဘူး။ သူက မိန်းမတွေပဲ ကြိုက်တာ...တိုးတိုးပြော...တခြားသူတွေ ကြားကုန်လိမ့်မယ်။'' Jaejoong မျက်လုံးအပြူးသား ဖြစ်ပြီး ခရားရေလွှတ်ရှင်းပြနေတော့သည်။
''အဲ့ဒါဖြင့် ပြောစမ်းပါဦး။ မင်းလို ဒီလောက် ချောတဲ့သူကို မကြိုက်တဲ့သူ ရှိပါ့မလား။ Style ကလည်း မိုက်တယ်''
''ငါ့ရုပ်က သူကြိုက်တဲ့ ရုပ်ရည်မျိုး မဟုတ်ဘူး။ အဲ့လောက်လည်း မချောဘူး။'' Jaejoong ပြန်ငြင်းလိုက်သည်။
''ဟင့်အင်း။ မင်းက အရမ်းချောတယ်။''
''Heechul ပြောတာ မှန်တယ်။ ''
ကြားက ဖြတ်ဝင်လာတဲ့ စကားသံကြောင့် Heechul ရော Jaejoong ရော ရုတ်တရက် လန့်သွားပြီး အသံလာရာကို လှည့်ကြည့်လိုက်တော့ ရပ်နေတာက Yunho...
Jaejoong က Heechul လက်ကို ခပ်မြန်မြန် ဆွဲပြီး စားသောက်ဆိုင်ထဲ ဝင်ဖို့ ပြင်ပေမယ့် သူ့လက်ကောက်ဝတ်ကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားတဲ့ Yunho ကြောင့် လှုပ်လို့ပင် မရ...အခြေအနေကို ရိပ်စားမိတဲ့ Heechul က Jaejoong ကို ''အထဲမှာ စောင့်နေမယ်'' လို့ အသံတိတ် ပါးစပ်လှုပ်ပြောပြီး စားသောက်ဆိုင်ထဲ ဝင်သွားတော့ Yunho နဲ့ သူ နှစ်ယောက်ထဲ...Jaejoong စိတ်ထဲကနေ Heechul ကို ကောင်းကောင်း မေတ္တာပို့နေမိသည်...
''မင်း အဲ့ဒါကို ခုထိ စိတ်ထဲထားနေတုန်းလား Jaejoong''
''ဘာကို စိတ်ထဲထားရမှာလဲ''
''ငါမင်းကို လွန်ခဲ့တဲ့ ၁၀ နှစ်က ပြောခဲ့တဲ့ စကားလေ...မင်းမှာ ငါကြိုက်တဲ့ ရုပ်ရည်မျိုး မရှိဘူးဆိုတာ...PE အချိန်ပြီး ပြောခဲ့တာလေ'' Yunho အသံက တည်ငြိမ်နေပေမယ့် သူ့မျက်လုံးတွေမှာ စိတ်မကောင်းတဲ့ အရိပ်အယောင်တွေ သမ်းနေဆဲ...
''အဲ့ဒီတော့ မင်းက ဘာလုပ်ချင်လို့လဲ။ ဘာလို့ ပြန်အစဖော်နေသေးလဲ။''
''ဘာလို့ဆိုတော့ ငါမင်းကို ချစ်...'' Yunho စကားပင် မဆုံးသေး Jaejoong ဒေါကြီးမောကြီးနဲ့ စကားဖြတ်ချလိုက်သည်။
''တော်စမ်းပါ။ အဲ့ဒီ့ အရည်မရအဖတ်မရတွေ နားမထောင်ချင်ဘူး။'' သူ Yunho လက်က အတင်းလွတ်အောင် ရုန်းပြီး စားသောက်ဆိုင်ထဲ အမြန်ပြေးဝင် သွားလိုက်သည်။
''Jaejoong yah''
''Joongie ah''
အနောက်က ခေါ်သံတွေကို မကြားချင် ယောင်ဆောင်ပြီးတော့ပေါ့...
&&&&&&&&&&&&

Faithful DestinyWhere stories live. Discover now