Jaejoong စားသောက်ဆိုင်က အခန်းထဲ ဝင်လိုက်တော့ ဝန်ထမ်းတွေ အကုန် နေရာယူပြီးနေကြပြီ...Jaejoong နဲ့ Yunho ကို စောင့်နေကြတယ်ပေါ့...ကြည့်လိုက်တော့ ထိုင်ခုံနေရာက နှစ်နေရာပဲ ကျန်တော့သည်...ဘေးချင်း ကပ်ရပ်ခုံနှစ်ခုံ...
''မင်း...ဒါမင်း အကြံ မဟုတ်လား Heechul'' Jaejoong မျက်နှာကြီးနီပြီး Heechul ကို လှမ်းမေးတော့ Heechul က လိုချင်တာ ရသွားတဲ့ကလေးလေးလို တခစ်ခစ် ရယ်တော့သည်။
xxxxxxxxxxxxxx
Yunho >>>>
ကျွန်တော် Jaejoong နောက် စားသောက်ဆိုင် အခန်းထဲကို အမီလိုက်သွားပြီး ရောက်နေတဲ့ ဝန်ထမ်းတွေကို ပြုံးပြလိုက်သည်။
''ကျွန်တော့်ဆီ Phone call တစ်ခု ဝင်လာလို့ အပြင်မှာ ပြောနေလို့ နောက်ကျသွားတယ်''

မိနစ် နှစ်ဆယ်လောက် ကြာတော့ အစားအသောက်တွေ ရောက်လာသည်။ အမျိုးအမည် စုံလင်လှတဲ့ အစားအစာတွေကို ကျွန်တော့် ဝန်ထမ်းတွေ ကြိုက်ကြတယ် ထင်ပါသည်။ တစ်မျိုးစီ စမ်းစားကြည့်ပြီး အချင်းချင်း ဟင်းထည့်ပေး ဘာညာနဲ့ အလုပ်ရှုပ်နေကြသည်။ ကျွန်တော်လည်း ထမင်းကို ငြိမ်ငြိမ်သက်သက်စားနေတုန်း ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ Yuri က သူ့ဟင်းပွဲကို နည်းနည်း စားကြည့်ဖို့ ပန်းကန်ကို ကျွန်တော့်ဘက် ကမ်းပေးလာသည်...ကြည့်လိုက်တော့ ရေဘဝဲ အစပ်ကြော်...ကျွန်တော် စိတ်အိုက်သွားသည်...ကျွန်တော်က ရေဘဝဲ စားလို့မရတဲ့ allergy ရှိသည်...ငြင်းလိုက်ပြန်ရင်လည်း ကျွန်တော့် ဝန်ထမ်း စိတ်မကောင်း ဖြစ်သွားမှာကို မလိုလား...ထိုအချိန်မှာ Jaejoong က ဖြတ်ခနဲပဲ
''ကျွန်တော် Yunho shi ကိုယ်စား အဲ့ဟင်းကို စားပေးပါမယ်။ သူက allergy ရှိလို့'' ဟုဆိုကာ ပန်းကန်ကို လှမ်းယူလိုက်သည်။ Yuri ကတော့ အားနာသွားကာ ကျွန်တော့်ကို တောင်းပန်ပေမယ့် ကျွန်တော် ကိစ္စမရှိကြောင်း ပြောပြီး ဟင်းကို အားရပါးရစားနေတဲ့ Jaejoong ကို စိုက်ကြည့်နေမိသည်...
''မှတ်မိသေးတယ်ပေါ့လေ''
''ငါက မင်းကို ဒုက္ခမရောက်စေချင်ရုံ သက်သက်ပဲ''
''ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်'' ကျွန်တော် ပြန်ဖြေရင်း သူ့ကို ပြန်ကြည့်လိုက်တော့ Jaejoong ရဲ့ နှုတ်ခမ်းထောင့်နားမှာ အချဉ်ရည် နည်းနည်းပေနေတာနဲ့ Tissue ယူပြီး သူ့ကို ပေးလိုက်သည်...ခုတော့ ငါမင်းရဲ့ နှုတ်ခမ်းကို ကိုယ်တိုင် သုတ်ပေးခွင့်မရှိတော့ဘူးပေါ့နော် Joongie...
''omo...CEO နဲ့ Jaejoong shi က သိပ်လိုက်ဖက်တာပဲ။'' Yuri က ကြည်နူးနေတဲ့ အသံနဲ့ ပြောလိုက်တော့ ကျန်တဲ့ ဝန်ထမ်းတွေကပါ ကွက်ကြည့်ကွက်ကြည့်...Jaejoong ကတော့ စားရင်း တန်းလန်းကနေ သီးပြီး ချောင်းတွေဆိုးနေသည်။ သူသီးသွားတော့ ကျွန်တော်လည်း ချက်ချင်းပဲ သူ့ကျောကို သပ်ပေးပြီး ရေတစ်ခွက် ငဲ့ပေးတော့ သူက ရေကို တကျိုက်တည်း မော့သောက်လိုက်သည်။ Jaejoong ဘေးထိုင်နေတဲ့ Heechul ရဲ့ ရယ်သံကြားမှ Jaejoong ကျွန်တော် သူ့ကျောကို သပ်ပေးနေတာကို ရိပ်မိသွားပုံရသည်...အတင်း ကျွန်တော့်လက်ကို ပုတ်ချပြီး Toilet ရှိရာဘက်ကို ထွက်ပြေးသွားတော့သည်။

Faithful DestinyWhere stories live. Discover now