_______________
(Unicode)
_______________
မိုးရွာသီကုန်ခါနီးနေပြီဖြစ်တာကြောင့် မိုးဟာသဲကြီးမဲကြီးတော့မရွာတော့ဘဲ ဖြည်းဖြည်းချင်းသာရွာလို့နေ၏..။ နေဝင်ချိန်မို့ ကိုယ်တို့လမ်းကြားလို လူသိပ်မနေတဲ့ နေရာမှာ တစ်ယောက်ဆနှစ်ယောက်ဆလောက်သာ လမ်းပေါ်မှာရှိကြမယ်ထင်တယ်..။
အခုချိန်လမ်းမကြီးပေါ်ကိုသာ ကိုယ်ပြေးထွက်သွားချင်နေမိတာ..၊ သို့သော် အားတင်းပြီးနေခဲ့ပြန်တော့လည်း ကိုယ့်ကိုယ်ကို ဘာမှမလုပ်နိုင်တော့တဲ့လူတစ်ယောက်အပြင်မပိုခဲ့..။လက်ထဲကတုတ်ကို ပစ်ချထားမိပြီး ခြေဦးတည့်ရာ လျှောက်လာမိခဲ့တယ်..၊ အိမ်လည်းမပြန်ချင်တော့သလို ဘဝပျက်နေတဲ့လူတစ်ယောက်လိုခံစားနေရတာမို့.. ။
ရှောက်ပြီးစမ်းကြည့်တော့ ခုံကိုစမ်းမိတာနဲ့ အညောင်းပြေထိုင်မိပြန်၏..၊ လမ်းဘေးမှာဆိုတော့
အများအတွက်ဆောက်ထားတဲ့ ခုံထင်ပါရဲ့..။
တစ်ကိုယ်လုံး မိုးရေတွေစိုရွှဲလို့နေတာ..၊ ဒါတောင် ကိုယ့်မှာဂရုမစိုက်နိုင်..၊ ဂရုစိုက်ပြန်တော့လည်းဘာထူးမှာမလို့လည်း..၊ ဒါကဒါပဲမဟုတ်လား..။
မိုးဟာတိတ်သွားခြင်းမရှိဘဲ ထိုအတိုင်းသာဖြည်းဖြည်းချင်းရွာလို့နေ၏..။ကိုယ့်အပေါ်ကျနေတဲ့မိုးစက်တွေကိုခံစားနေမိရင်း..၊ ခဏအကြာတော့ကျလို့မလာတော့..။
မိုးတိတ်တာလဲမဖြစ်နိုင်..၊ ကိုယ်ကနားကောင်းတဲ့သူမို့ ခုဏကကိုယ့်ဘက်ကိုလာနေတဲ့ ခြေသံကိုတော့ကြားမိပါတယ်..။
"လူရှိတာလား မသိဘူး"
အဖြေကို 5မိနစ်လောက်တောင်စောင့်ယူလိုက်ရတယ်..။
"အစ်ကိုမိုးစိုနေလို့ ကျွန်တော်.....ထီးလာပေးတာပါ"
BY
LUNEVIOR
_______________
(Zawgyi)
_______________
မိုးရြာသီကုန္ခါနီးေနၿပီျဖစ္တာေၾကာင့္ မိုးဟာသဲႀကီးမဲႀကီးေတာ့မရြာေတာ့ဘဲ ျဖည္းျဖည္းခ်င္းသာရြာလို႔ေန၏..။ ေနဝင္ခ်ိန္မို႔ ကိုယ္တို႔လမ္းၾကားလို လူသိပ္မေနတဲ့ ေနရာမွာ တစ္ေယာက္ဆႏွစ္ေယာက္ဆေလာက္သာ လမ္းေပၚမွာရွိၾကမယ္ထင္တယ္..။
အခုခ်ိန္လမ္းမႀကီးေပၚကိုသာ ကိုယ္ေျပးထြက္သြားခ်င္ေနမိတာ..၊ သို႔ေသာ္ အားတင္းၿပီးေနခဲ့ျပန္ေတာ့လည္း ကိုယ့္ကိုယ္ကို ဘာမွမလုပ္နိုင္ေတာ့တဲ့လူတစ္ေယာက္အျပင္မပိုခဲ့..။လက္ထဲကတုတ္ကို ပစ္ခ်ထားမိၿပီး ေျခဦးတည့္ရာ ေလၽွာက္လာမိခဲ့တယ္..၊ အိမ္လည္းမျပန္ခ်င္ေတာ့သလို ဘဝပ်က္ေနတဲ့လူတစ္ေယာက္လိုခံစားေနရတာမို႔.. ။
ေရွာက္ၿပီးစမ္းၾကည့္ေတာ့ ခုံကိုစမ္းမိတာနဲ႔ အေညာင္းေျပထိုင္မိျပန္၏..၊ လမ္းေဘးမွာဆိုေတာ့
အမ်ားအတြက္ေဆာက္ထားတဲ့ ခုံထင္ပါရဲ့..။
တစ္ကိုယ္လုံး မိုးေရေတြစိုရႊဲလို႔ေနတာ..၊ ဒါေတာင္ ကိုယ့္မွာဂ႐ုမစိုက္နိုင္..၊ ဂ႐ုစိုက္ျပန္ေတာ့လည္းဘာထူးမွာမလို႔လည္း..၊ ဒါကဒါပဲမဟုတ္လား..။
မိုးဟာတိတ္သြားျခင္းမရွိဘဲ ထိုအတိုင္းသာျဖည္းျဖည္းခ်င္းရြာလို႔ေန၏..။ကိုယ့္အေပၚက်ေနတဲ့မိုးစက္ေတြကိုခံစားေနမိရင္း..၊ ခဏအၾကာေတာ့က်လို႔မလာေတာ့..။
မိုးတိတ္တာလဲမျဖစ္နိုင္..၊ ကိုယ္ကနားေကာင္းတဲ့သူမို႔ ခုဏကကိုယ့္ဘက္ကိုလာေနတဲ့ ေျခသံကိုေတာ့ၾကားမိပါတယ္..။
"လူရွိတာလား မသိဘူး"
အေျဖကို 5မိနစ္ေလာက္ေတာင္ေစာင့္ယူလိုက္ရတယ္..။
"အစ္ကိုမိုးစိုေနလို႔ ကၽြန္ေတာ္.....ထီးလာေပးတာပါ"
BY
LUNEVIOR
YOU ARE READING
The Late Rain
Fanfictionယင်းမာပန်းတွေကမွှေးတယ်လို့ကိုယ်ကပြောတော့ မင်းကမေးတယ် 'မိုးရာသီမှာစတင်ခဲ့တဲ့ကျွန်တော့် အချစ်တွေလောက်မွှေးရဲ့လား' တဲ့လေ
